တောဖျားချောင်းတိုက်ပွဲ နံနက် ၇ နာရီခွဲကနေ မွန်းလွဲ ၂ နာရီကျော်ထိ ဖြစ်

တောဖျားချောင်းတိုက်ပွဲ နံနက် ၇ နာရီခွဲကနေ မွန်းလွဲ ၂ နာရီကျော်ထိ ဖြစ်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်း၊ ဆင်သီရွာနှင့် ဗုဒ္ဓောရွာ အကြား ကျောက်ပုံတောင် အနီးတွင် မြန်မာ့အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ အကြား နံနက် ၇ နာရီခွဲမှ မွန်းလွဲ ၂ နာရီကျော်ထိ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဆင်သီရွာသို့ ဖုန်းဖြင့် ဆက်သွယ်ရာ အမျိုးသမီး တစ်ဦးက “ ဒီနေ့မနက် ၇ နာရီခွဲကနေ သေနတ် ပေါက်သံတွေကို ကြားရပါတယ်။ ခုနားကဘဲ တန့်သွားပါတယ်။ မွန်းလွဲ ၂ နာရီကျော်လောက်မှ တန့်သွားပါတယ်။ လက်နက်ကြီးသံရော၊ လက်နက်ငယ်သံရော ကြားရပါတယ်။ လက်နက်ကြီး တစ်လုံး ကွဲတာဆိုရင် ကျွန်မတို့ရွာထဲက မြေကြီးကိုပါ ထိန့်သွားသလို ထင်ရပါတယ်” ဟု ပြောကြားသည်။

တိုက်ပွဲမှာ နှစ်ကြိမ်ဖြစ်ပွားကြောင်း၊ ပထမတစ်ကြိမ်မှာ နံနက် ၇ နာရီခွဲက ၁၁ နာရီထိ တစ်ကြိမ်၊ နေ့လယ် ၁၂ နာရီက မွန်းလွဲ ၂ နာရီကျော်ထိ တစ်ကြိမ်၊ နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း ကျေးရွာသားတစ်ဦးက လည်း ပြောကြားသည်။

အဆိုပါ တိုက်ပွဲနှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ဆက်သွယ်သော်လည်း ဖုန်းကိုင် ဖြေဆိုခြင်းမရှိပါ။

ရက္ခိုင့်တပ်မတော် (AA) ၏ ပြောခွင့်ရသူ ခိုင်သုခအား ဆက်သွယ်ရာ သူ့ထံသို့ ယခုတိုက်ပွဲနှင့် ပတ်သက်ပြီး သတင်းမရာက်သေးကြောင်း ပြောဆိုသည်။

“ ဒီကနေ့ ဖြစ်ပွားတဲ့ သတင်းတော့ မရောက်သေးဘူး။ မနေ့က ဖြစ်တဲ့ တိုက်ပွဲတွေလောက်ဘဲ ရသေးတယ်။ မနေ့ဆိုရင် လေးမြို့ချောင်း အထက်ပိုင်း ကျောက်ပေါက်ရွာရဲ့ အနောက်ဘက် တောင်ကြောတွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် ပြိုင်စော်ရွာ အနီးတစ်ဝိုက်မှာလည်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်။ ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီး များမကြာမီ သတင်းထုတ်ပြန်မှာ ဖြစ်ပါတယ်” ဟု ခိုင်သုခမှ ပြောဆိုသည်။

ယခုအခါ မြန်မာ စစ်တပ်မှ ရက္ခိုင့်တပ်မတော်ကို တိုက်ခိုက်ရန် တပ်အင်အား ၈၀၀၀ ခန့် ဖြည့်တင်းထားပြီး နယ်ခြားစောင့် အပါအဝင် ရဲအင်အား ၃၀၀၀ ခန့် ချထားသဖြင့် ထိုးစစ်အချိန်ကို ထပ်မြှင့်လာနိုင်သည့် အခြေအနေ ရှိနေ၍ တိုက်ပွဲများမှာ ပိုမို ပြင်းထန်လာနိုင်သည်ဟု ၎င်းက သုံးသပ် ပြောဆိုသည်။

May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...