စိတ်ဝေဒနာ ခံစားခဲ့ရသည့် မောင်ဇော်နိုင်နိုင်ဌေး ခုံအမှတ် ၅၅၀၇ ဖြင့် ဆယ်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆို

စိတ်ဝေဒနာ ခံစားခဲ့ရသည့် မောင်ဇော်နိုင်နိုင်ဌေး ခုံအမှတ် ၅၅၀၇ ဖြင့် ဆယ်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆို

ကြောက်လန့်ပြီး စိတ်ဝေနာကို ခံစားခဲ့ရ၍ ရန်ကုန်မြို့ မြောက်ဥက္ကလာက ဆေးရုံကြီးတွင် ဆေးကု နေရသည့် ကျောက်တော်မြို့မှ မောင်ဇော်ဇော်နိုင်ဌေးသည် သူ၏ ကျန်းမာရေး အခြေအနေ တိုးတက် ကောင်းမွန်လာသဖြင့် ယနေ့ စတင်စစ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပဆေးရုံကြီး စာစစ်ဌာနမှ ခုံအမှတ် ဆမဥ ၅၅၀၇ ဖြင့် ဝင်ရောက်ဖြေဆိုသည်ဟု သိရသည်။

“ မောင်ဇော်နိုင်နိုင်ဌေးရဲ့ ကျန်းမာရေး ပုံမှန်အနေအထားထိ တိုတက်လာသည့်အတွက် ဒီကနေ့ မတ်လ ၆ရက်နေ့ စတင်စစ်ဆေးမယ့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုမှာ ဖြစ်ပါတယ်။ သူစာမေးပွဲ ဖြေဆိုနိုင်ရေး အတွက် စေတနာရှင်တွေ ဝိုင်းဝန်းကူညီပေးတဲ့ နောက်ပိုင်းမှာ မြန်မာနိုင်ငံ စာစစ်ဌာနအဖွဲ့ရုံး (ဇွဲကပင်) က စာမေးပွဲ ဖြေဆိုဖို့ ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ် စစ်ဘေးရှောင် ပူးပေါင်း ကော်မတီ CSO (ရန်ကုန်) အဖွဲ့မှ ကူညီပေးသူ့ ကိုသန်းကြည်နိရဉ္စရာသတင်းဌာနသို့ ယခုလို့ပြောသည်။

မောင်ဇော်နိုင်နိုင်ဌေး (၁၇) နှစ်သည် ဖေဖော်ဝါရီ ၂၁ ရက်နေ့က ကျောက်တော်အခြေစိုက် ၃၇၅ တပ်ရင်းရှေ့တွင် ဖမ်းဆီးခံခဲ့ရပြီး လူနှင့်ဆိုင်ကယ်ပါ ကားပေါ်တွင်တင်၍ ကန်စောက် ၅၃၉ တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရကြောင်း၊ ဖမ်းဆီးခေါ်ဆောင်ခံရစဉ် စစ်သားများက သေနတ်ပြောင်းဝဖြင့် နားထင်၊ ရင်ဘတ်များကို တွန်းထိုးကာ ခြိမ်းခြောက်ခဲ့သဖြင့် ကြောက်လန့်ပြီး စိတ်မူမမှန် ဖြစ်သွားခဲ့ရကြောင်း၊ စကားမပြောနိုင်၊ထမင်းလည်းမစားနိုင်၊ ရေလည်းမသောက်နိုင်၊ စိတ်ဒဏ်ရာ ရခဲ့ကြောင်း ဖခင်ဖြစ် ဦးရွှေစိန်ဦးက ပြောကြားသည်။

ထိုသို့ စိတ်မူမမှန်ဖြစ်သွားခဲ့သဖြင့် ဖေဖော်ဝါရီ ၂၂ ရက်နေ့က စစ်တွေဆေးရုံကြီးသို့ ဆေးကုသရန် ပို့ဆောင်ခဲ့သည်။ စစ်တွေဆေးရုံကြီးတွင်ကုသရာတွင်လည်း အခြေအနေ တိုးတက်ကောင်းမွန်လာမှု မရှိသဖြင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရန်ကုန်မြို့ မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ လူနာတင်ကားယာဉ်ဖြင့် ပို့ဆောင်ခဲ့ရသည်။

ရန်ကုန်မြို့ မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ ကျန်းမာရေး အခြေအနေ တိုးတက်ကောင်းမွန်လာသဖြင့် ယခုလို တက္ကသိုလ်ဝင်တန်းကို ဖြေဆိုသည့် အခြေအနေထိ ရောက်ရှိလာခြင်း ဖြစ်သည်။

မောင်ဇော်နိုင်နိုင်ဌေး အား စစ်တပ်က ဖမ်းဆီး နှိပ်စက်မှုများရှိခဲ့သည်ဟုဆိုကာ ဖခင်ဖြစ်သူ ဦးရွှေစိန်ဦးမှ ကျောက်တော်မြို့နယ် ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုခဲ့သည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မောင်ဇော်နိုင်နိုင်ဌေး ကို စစ်တပ်က ဖမ်းဆီးခဲ့ခြင်း မရှိကြောင်း မီဒီယာများသို့ ထုတ်ဖော် ပြောကြားပြီး မောင်ဇော်နိုင်နိုင်ဌေး၏ ဖခင် ဖြစ်သူ ဦးရွှေစိန်ဦးကို ကျောက်တော်မြို့နယ်ရဲစခန်းတွင် ပြန်လည် အမှုဖွင့်တရားစွဲဆိုခဲ့သည်။

April 25, 2026
ကျော်သီဟ — ရခိုင်ပြည်ရှိ စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းက လေးလအတွင်း စစ်ဘေးရှောင်နှင့်...
April 24, 2026
ရခိုင်ပြည်၊ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ဖက်ကို ကမ်းကပ်ရန်ချဉ်းကပ်ခဲ့သည့် ...
ဓာတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာ
April 23, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်...
April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...