သရက်တပင်ရွာကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းဦးဘစော ထိုးသွင်းဒဏ်ရာများဖြင့်သေဆုံး

သရက်တပင်ရွာကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းဦးဘစော ထိုးသွင်းဒဏ်ရာများဖြင့်သေဆုံး

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးဘစော(၄၇) နှစ်ကို ယနေ့ ညနေ ၄ နာရီကျော်က ထိုးသွင်းဒဏ်ရာ လေးချက်ဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရကြောင်း ဒေသခံ တစ်ဦးက ပြောကြားသည်။

“ညနေလေးနာရီခွဲလောက်ရှိမယ်ထင်ပါတယ်။ ဓားထိုးဒဏ်ရာနဲ့ လူတစ်ဦးသေဆုံးနေတယ်လို့ သတင်းရတဲ့ အတွက် သွားကြည့်တော့ ဦးဘစောဖြစ်နေပါတယ်။ သရက်တစ်ပင် ရွာဟောင်းက သူ့ဆိုင်ခန်းမှာ ပက်လက် လန်ပြီး သေနေတာတွေ့ရပါတယ်။ ဘယ်သူသတ်တယ်၊ ဒဏ်ရာဘယ်လိုရပြီး သေတယ် ဆိုတာကိုတော့ အတိအကျမသိပါဘူး။ ကျနော်တို့က အနားကိုလည်းမကပ်ရဲတော့ ဒဏ်ရာကို မမြင်လိုက်ပါဘူး” ဟု ၎င်းရွာသားက ပြောဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး သရက်တပင်ရဲစခန်းအား ဆက်သွယ်မေးမြန်းရန်ရာ ရဲအုပ်မင်းသိန်းစိုးက “ဟုတ်ပါတယ်။ အလောင်းက ကျောက်တော်ကို ယူသွားပါပြီး။ အဲ့ဒီကိစ္စကို လောလောဆယ်တော့ ပြောလို့ မရသေးပါဘူး။ ဘယ်သူသတ်လို့ သတ်မှန်းလည်းမသိဘူး။ အခု မိသားစုတွေက ကျောက်တော် ရဲစခန်းကို လိုက်ပါ သွားကြပါတယ်။ ဓားဒဏ်ရာလားတော့ အတိအကျ မသိဘူး။ ထိုးသွင်း ဒဏ်ရာကတော့ လေးချက်တွေ့ပါတယ်”ဟု နိရဉ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

ဒဏ်ရာများမှာ သေဆုံးသွားသူဦးဘစော၏ လည်မျိုတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ သုံးချက်၊ စုစုပေါင်းထိုးသွင်းဒဏ်ရာ ၄ချက်ရကြောင်း၊ မိသားစုဝင်များက ကျောက်တော်မြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း ၎င်းရဲအုပ်က ပြောကြားသည်။

ဦးဘစော အသတ်မခံရမီက သူနှင့် ပတ်သက်ပြီး အမျိုးသားသစ္စာဖောက် လုပ်ငန်းများကို ရပ်တန့်က ရပ်ရန် ခြိမ်းခြောက်စာများ အွင်လိုင်းတွင် ထွက်ပေါ်ခဲ့သည်။

April 25, 2026
ကျော်သီဟ — ရခိုင်ပြည်ရှိ စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းက လေးလအတွင်း စစ်ဘေးရှောင်နှင့်...
April 24, 2026
ရခိုင်ပြည်၊ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ဖက်ကို ကမ်းကပ်ရန်ချဉ်းကပ်ခဲ့သည့် ...
ဓာတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာ
April 23, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်...
April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...