စစ်တွေမင်းဂံ ညဉ့်အချိန်မီးလောင်

စစ်တွေမင်းဂံ ညဉ့်အချိန်မီးလောင်

ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက်၊ ၊ကန်တော်ကြီးအကွက်(၅)တွင် မတ်လ ၅ ရက် ၀၀:၂၀ နာရီ၊ ညဉ့် အချိန်တွင် မီးလောင်မှု ဖြစ်ပွားပြီး အိမ်တစ်ဆောင် မီးလောင်ဆုံးရှုံးခဲ့သည်ဟု သတင်းရရှိသည်။

၎င်းမီးမှာ လူနေအိမ်၌ ဘုရားစင်ပေါ်တွင် ဖယောင်းတိုင်မီးထွန်းထားခဲ့ရာမှ အနီးရှိ ဝါးထရံသို့ မီးကူးစက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ စစ်တွေ ခရိုင် မီးသတ်စခန်းမှ မီးသတ်ယာဉ် လေးစီးဖြင့် မီးငြိမ်းသတ်ခဲ့ရကြောင်း ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

မီးလောင်မှုကြောင့် လူနေအိမ်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့၊ မီးဘေးဒုက္ခသည် မ(၃)ဦးအား နီးစပ်ရာ ဆွေမျိုးများနေအိမ်တွင် ယာယီချထားလျက်ရှိကြောင်း၊ လူ နှင့် တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

မတ်လ ၄ ရက် ညဉ့် ၀၁း၁၀ အချိန်တွင် မောင်တောမြို့နယ်၊ ရွာသစ်ကေရပ်ကွက်၊ အလယ်ရွာတွင် နေအိမ်ရှိ မီးဖိုမီးကြွင်းမီးကျန်မှ တဆင့် အနီးရှိဝါးထရံသို့ မီးကူးစက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုကြောင့် လူနေအိမ်(၄)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးဘေးဒုက္ခသည် ကျား(၁၀)ဦး ၊ မ(၁၃)ဦး၊ ပေါင်း(၂၃)ဦးအား နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ယာယီနေရာချထားပေးခဲ့ရသည်ဟု သိရသည်။

မတ်လ ၃ ရက် ညနေ ၄နာရီ ၁၅ မိနစ်ခန့်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ မှိုဟင်းတောကျေးရွာတွင် မီးလောင်မှုတခုဖြစ်ပွားပြီး လူနေအိမ် ၇ဆောင်မီးလောင်ပြာကျခဲ့ရပြီး နောက်ထပ်လူနေအိမ်၂ဆောင်အား မီးကူးမလောင်ခင် ဖြိုဖျက်ပစ်ခဲ့ရသည်ဟု မှိုဟင်းတောကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

မီးလောင်မှုကြောင့် နေအိမ်ဆုံးရှုံးခဲ့ရသူများမှာ ဦးအောင်ရွှေသိန်း၊ ဒေါ်ကျော့ယဉ်၊ ဦးလှသန်းမောင်၊ ဦးအောင်ကျော်ထွန်း၊ ဒေါ်သိန်းယဉ်ဦး၊ ဦးသိန်းထွန်းလှ၊ဦးမောင်နီချေတို့ဖြစ်ပြီး မိသားစု ၉စု၊ လူဦးရေ ၅၅ဦး အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့သည်။

May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...