ဗုံးပေါက်ကွဲ၍ သေဆုံးသူ ဇနှီးမောင်နှံ နှစ်ဦး၏ အလောင်းကို သင်္ဂြိုလ်ရန် ရွာသို့ ပြန်လည်ယူဆောင်

ဗုံးပေါက်ကွဲ၍ သေဆုံးသူ ဇနှီးမောင်နှံ နှစ်ဦး၏ အလောင်းကို သင်္ဂြိုလ်ရန် ရွာသို့ ပြန်လည်ယူဆောင်
မဆန်းဝင်းကို တွေ့ရစဉ်/ ဓာတ်ပုံ- ပိုးရွှီပြင်မဟာမိတ်လူမူကူညီရေးအသင်း
မဆန်းဝင်းကို တွေ့ရစဉ်/ ဓာတ်ပုံ- ပိုးရွှီပြင်မဟာမိတ်လူမူကူညီရေးအသင်း

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ်၊ အထက်သင်ပုန်းတန်းမှ တိုက်ပွဲကျန် မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကို အိမ်သို့ လှေဖြင့် ယူဆောင်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားပြီး သေဆုံးခဲ့ရသူ ဇနီးမောင်နှံ နှစ်ဦး၏ အလောင်းကို ယနေ့ သူတို့နေထိုင်ရာ ကျေးရွာသို့ ယူဆောင်လာခဲ့သည်ဟု သတင်းရရှိသည်။

“ ဒီကနေ့ အလောင်း နှစ်လောင်းစလုံးကို အထက်သင်ပုန်းတန်းကျေးရွာကို ပိုးရွှီပြင်တိုက်နယ်ဆေးရုံကနေ ယူဆောင်သွားပါပြီ။ ဒီကနေ့ သြင်္ဂိုလ်မယ်လို့ သိရပါတယ်” ဟု ပိုးရွှီပြင်မဟာမိတ် လူမူကူညီရေး အသင်းမှ တာဝန်ရှိသူ ဦးကံသိန်းမောင်က ပြောကြားသည်။

သေဆုံးသွားသူ ဇနီးမောင်နှံ ၂ ဦးမှာ မြိုလူမျိုးများ ဖြစ်ကြပြီး ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားဒေသ အထက်သင်ပုန်းတန်း ကျေးရွာနေ (ဘ)ဦးအောင်ကျော်စိန်၏ သားမောင်ဦးထွန်း (၃၃)နှစ် နှင့် ဇနီးမဆန်းဝင်း (၃၀)နှစ်တို့ ဖြစ်ကြသည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားဒေသ အထက်သင်ပုန်းတန်း ကျေးရွာနေ မောင်ဦးထွန်းနှင့် ဇနီးမဆန်းဝင်း (၃၀)နှစ်တို့သည်ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင်သစ်ခုတ်ရန် တောထဲသို့သွားပြီး လက်နက်ကြီးကျည်ဆံတလုံးကို တွေ့မြင်ကာ ကောက်ယူလာခဲ့ကြောင်း၊ ၎င်းလက်နက်ကြီးကျည်ဆံအား သူတို့သစ်ခုတ်ရန်လာသော လှေပေါ်တွင် တင်ယူလာခဲ့ပြီး လှေပေါ်တွေင် သူဇနီး မဆန်းဝင်းအပါဝင် စုစုပေါင်းလူ(၄)ဦး လိုက်ပါခဲ့ကြောင်း၊ ညနေ(၅)နာရီခန့်မှန်းအချိန်လောက်တွင် မောင်ဦးထွန်းနှင့်သူဇနီး မဆန်းဝင်းတို့က လှေ၏ အလယ်တွင်ထိုင်ပြီးလာစဉ်မောင်ဦးထွန်းသည် သူယူလာခဲ့သော လက်နက်ကြီးကျည်ဆံအား သစ်ခုတ်ဓားဖြင့် ခုတ်ကစားခဲ့ရာမှ လက်နက်ကြီးကျည်ဆံမှာ ပေါက်ကွဲသွားခဲ့သည်ဟု သိရသည်။

အထက်သင်ပုန်းတန်းကျေးရွာအုပ်ချုပ်ရေးမှူး ဇနီးဖြစ်သူက “ သေဆုံးတာမှန်ပါတယ်။ မောင်ဦးထွန်းက လှေပေါ်မှာဘဲ သေပါတယ်။ ဇနီးဖြစ်သူ မဆန်းဝင်းကိုတော့ ပိုးရွှီပြင်ဆေးရုံကို ယူရာမှာ လမ်းတစ်ဝက်မှာ ဆုံးသွားပါတယ်။ ကောက်ရတဲ့ မပေါက်ကွဲသေးတဲ့ ဗုံးကို ယူဆောင်လာရာမှာ လှေပေါ်မှာ ပေါက်ကွဲသွားတယ်လို့ သိရပါတယ်”ဟု ပြောသည်။

May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...