ALP မှ ဖမ်းဆီးခံထားရသူ ဗိုလ်မှူးကြီးခိုင်မိုးချမ်းအပါအဝင် သုံးဦးလွတ်မြောက်လာ

ALP မှ ဖမ်းဆီးခံထားရသူ ဗိုလ်မှူးကြီးခိုင်မိုးချမ်းအပါအဝင် သုံးဦးလွတ်မြောက်လာ
လွတ်မြောက်လာသူများကို ALP ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်နှင့် အတူတွေ့ရစဉ်
လွတ်မြောက်လာသူများကို ALP ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်နှင့် အတူတွေ့ရစဉ်

ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးခိုင်မိုးချမ်းသည် စီးပွားရေးတာဝန်ခံဦးသိန်းဦးနှင့် ယာဉ်မောင်းဦးချစ်ကောင်းတို့နှင့် အတူ ယနေ့ ကရင်ပြည်နယ်၊ ဖားအံထောင်မှ လွတ်မြောက်လာသည်။

သူတို့ သုံးဦးသည် ပါတီမှ လက်နက်ခဲယမ်းမီးကျောက်များအား အရှေ့ဘက် ထိုင်းနယ်စပ်မှ မြန်မာနိုင်ငံ အနောက်ဘက်သို့ ရွှေ့ပြောင်း သယ်ယူစဉ် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့၌ ကရင်ပြည်နယ်တွင် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး တစ်နှစ်ကျော် ထောင်ထဲတွင် နေထိုင်ခဲ့ရသည်။

လွတ်မြောက်လာသည့် ဗိုလ်မှူးကြီးနှင့်အဖွဲ့အား ပါတီဒုတိယဥက္ကဌခိုင်စိုးနိုင်အောင်၊ ဗိုလ်မှူးချုပ် ခိုင်ထွန်းဝင်၊ ဆက်ဆံရေးရုံးတာဝန်ခံ ပါတီဗဟိုကော်မတီဝင် ဒုတိယဗိုလ်မှူးကြီးခိုင်ကျော်လှိုင်၊ ခိုင်ချစ်မင်း၊ ဦးသိန်းဦး၏ဇနီးနှင့် ပါတီကိုဝိုင်းရံပံ့ပိုးသူများက သွားရောက်လက်ခံကြိုဆိုခဲ့ကြသည်ဟု သတင်းရရှိသည်။

May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...