တိုက်ပွဲကြောင့် ဆင်အိုးကျေးရွာသားများ ကြောက်လန့်ပြီး ရွာကို စွန့်ခွာထွက်ပြေး

တိုက်ပွဲကြောင့် ဆင်အိုးကျေးရွာသားများ ကြောက်လန့်ပြီး ရွာကို စွန့်ခွာထွက်ပြေး
ထွက်ပြေးလာသူများကို တွေ့ရစဉ်/ ဓာတ်ပုံ- ခင်မောင်ဆန်းပို့စ်
ထွက်ပြေးလာသူများကို တွေ့ရစဉ်/ ဓာတ်ပုံ- ခင်မောင်ဆန်းပို့စ်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရန်အောင်ပြင်ကျေးရွာအုပ်စု၊ ဆင်အိုးကျေးရွာမှ မိသားစု ၄၀၊ လူဦးရေ ၁၇၀ ခန့်သည် ရပ်ရွာကို စွန့်ခွာပြီး ရန်အောင်ပြင် ကျေးရွာအုပ်စု စေတီတောင်သို့ ထွက်ပြေးလာကြသည်ဟု သတင်းရရှိသည်။

ဆင်အိုးကျေးရွာအမျိုးသမီးတစ်ဦးက “ ကျွန်မတို့ ဒီကနေ့ နံနက် ၁၁ နာရီက ရွာအနီးမှာ သေနတ်ပစ်ခတ်သံတွေကို ကြောက်ပြီး ထွက်ပြေးလာကြပါတယ်။ စက်တပ် လှေငယ်တွေနဲ့ ထွက်ပြေးလာကြတာပါ” ဟု ပြောကြားသည်။

ဆင်အိုးရွာတွင် အိမ်ခြေ ၄၀ ခန့်ရှိပြီး ရွာကို စောင့်ရန် အမျိုးသား တစ်ချို့မှ အပ ကျန်လူများအားလုံးထွက်ပြေးလာကြသည်ဟု ပြောဆိုသည်။

ကျောက်ကျပ်ကျေးရွာ လူ ကြီး တစ်ဦးဖြစ်သူ ဦးစိန်အောင်ညိုက “ အခု သူတို့ကို ကျောက်ကျပ်နဲ့ စေတီတောင်အကြား သကျမုနိ ဘုရားရင်ပြင် လောလောဆယ် နေရာချထားပါတယ်။ သူတို့ ရွာအနီးက သေနတ်သံတွေ ကြားရတဲ့ အတွက် ထွက်ပြေးလာကြတာလို့ ပြောပါတယ်” ဟု ပြောကြားသည်။

ထွက်ပြေးတိမ်းရှောင်လာသူများကို ရခိုင့်အားမာန်လူမူဖွံ့ဖြိုးရေးအဖွဲ့ မှ ကူညီဆောင်ရွက်ပေးနေသည်ဟု သတင်းရရှိသည်။

May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...