ဦးခေါင်း ကျည်စထိမှန်သည့် ၄ နှစ်အရွယ် မဧပြီစိုးနှင့် နောက်အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာသက်သာ၍ ဆေးရုံမှဆင်း

ဦးခေါင်း ကျည်စထိမှန်သည့် ၄ နှစ်အရွယ် မဧပြီစိုးနှင့် နောက်အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာသက်သာ၍ ဆေးရုံမှဆင်း

ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာမှ ဦးခေါင်းဒဏ်ရာရရှိခဲ့သည့် ၄ နှစ်အရွယ် မိန်းကလေးငယ် မဧပြီစိုးနှင့် ခြေထောက်ဒဏ်ရာ ရရှိသူအမျိုးသမီး ဒေါ် ရွှေဝါတို့သည် ဒဏ်ရာသက်သာသွားပြီ ဖြစ်သဖြင့် စစ်တွေ ဆေးရုံမှ ဆင်းကာ ယနေ့ နေ့လယ် ၁၂ နာရီခန့်က နေရပ်သို့ ပြန်ကြပြီးဖြစ်ကြောင်း သတင်းရရှိသည်။

သူတို့ နှစ်ဦးသည် ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခန့်က ကျေးရွာအနီး မိုင်းဗုံးပေါက်ကွဲပြီးနောက် ရွာအတွင်းသို့ စစ်တပ်မှ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ကြသူများ ဖြစ်သည်။

ဦးဘဒေါင်းနှင့် ဒေါ်မစောတို့၏ သမီး မဧပြီစိုး (ခ) ပိတောက်ဝါ (၄) နှစ်တွင် ဦးခေါင်းတွင် ကျည်ဆံစ ရှပ်ပြီး ထိမှန်ခဲ့သလို နောက်အမျိုးသမီးတစ်ဦး ဖြစ်သူ ဒေါ်ရွှေဝါ (၃၇) နှစ်တွင် ခြေထောက်တွင် လက်နက်ကြီး ကျည်ဆံစ ထိမှန်ခဲ့သည်ဟု သိရသည်။

စစ်တွေဆေးရုံသို့ ဆေးကုသမှုခံယူရန် ဖေဖေါ်ဝါရီ ၂၁ ရက်နေ့ရောက်ရှိနေပြီး ဒဏ်ရာသက်သာသွားသဖြင် ယနေ့ နေ့လယ် ၁၂ နာရီတွင် စစ်တွေဆေးရုံမှဆင်းသွားကြောင်း မိန်းကလေးငယ် ဆေးရုံတက်နေချိန်တွင် အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးနေသူစစ်တွေမြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“ဟုတ်ပါတယ်။ ဒီနေ့ဒဏ်ရာသက်သာလို့ စစ်တွေဆေးရုံက နစ်ယောက်လုံး ဆင်းပြီး ၁၂ နာရီ ရွာပြန်ကြပါပြီ။ အတတ်နိုင်ဆုံး အလုံခြုံဆုံး အဆင်အပြေဆုံးဖြစ်အောင်ကူညီပီးလိုက်ပါတယ် ။ ရေချမ်းပြင် နေ့လယ် ၁၂ နာရီခွဲ လောက်ရောက်ပါမယ်။ဘုတ်အဆင်သင့်လုပ်ထားပါတယ်။အငူမော်ဖက်မှာ မှန်လုံကားတစ်စီး အဆင်သင့်စီစဉ်ပေးထားပါတယ်။ မင်းဖူးသို့ ၃နာရီကျော်ကျော် ၄ နာရီ မထိုးခင် ပြန်ရောက်ကြမှာပါ” ဟု ၎င်းကဆိုသည်။

ဦးခေါင်းဒဏ်ရာရှိသွားသူ မပိတောက်ဝါ(ခေါ်)မဧပြီစိုး မိခင်ဖြစ်သူ ဒေါ်မစောကလည်း “သမီးလေး သက်သာသွားလို့ ဝမ်းသားပါတယ်။အခုရွာပြန်နေပါပြီ။ဆေးရုံတက်နေချိန်အဖက်ဖက်က ကူညီပေးကြတဲ့ လူမှုအဖွဲ့တွေကိုလည်း ကျေးဇူးတင်ပါတယ်စိတ်ပူပြီးသတင်းလာမေးကြသူတွေကိုလည်း ကျေးဇူး တင်ပါတယ်”ဟု ၎င်းကဆိုသည်။

May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...