နေပူခံကျေးရွာသား ၇ ဦး စစ်တပ်မှ လမ်းပြခေါ်ယူသွား၍ မိသားစုများစိုးရိမ်

နေပူခံကျေးရွာသား ၇ ဦး စစ်တပ်မှ လမ်းပြခေါ်ယူသွား၍ မိသားစုများစိုးရိမ်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ၊ ငကျားချေကျေးရွာအုပ်စု၊ နီပူခံကျေးရွာမှ မြိုတိုင်းရင်းသား ၇ ဦးကို စစ်တပ်က လမ်းပြအဖြစ် ယမန်နေ့ ည ၈ နာရီကတည်းက ခေါ်ယူသွားသဖြင့် မိသားစုများ အထူးစိုးရိမ်နေကြသည်ဟု သတင်းရရှိသည်။

ငကျားချေ ကျေးရွာအုပ်ချုပ်ရေးမှူးက “ ကျွန်တော်ဆီကို နီပူခံကျေးရွာရဲ့ ရပ်မိရပ်ဖတွေက အကြောင်း ကြားပါတယ်။ ကျေးရွာသား ၇ ဦးကို မနေ့ည ၈ နာရီကတည်းခေါ်သွားတာ ဒီကနေ့ နေ့လယ် ၁၂ နာရီ ပြန်မရောက်တဲ့ အတွက် မိသားစုတွေ စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။ ရပ်ရွာလူကြီးတွေပြောတာက ခေါ်ယူတဲ့ စစ်တပ်က လက်မောင်း တံဆိပ်မှာ ၂၂ လို့ ရေးပါတဲ့ အတွက် တပ်မ ၂၂ ကလို့ ပြောပါတယ်” ဟု ယနေ့ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်က နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ခေါ်ယူခြင်းခံရသူ ၇ ဦးမှာ ဦးဦးစောလှ (၄၉)နှစ်၊ ဦးကျော်သိန်း (၄၀)နှစ်၊ ဦးနီဇံအောင် (၃၃) နှစ်၊ ဦးကျော်မြင့် (၄၀) နှစ်၊ ဦးကံသာအောင် (၄၀) နှစ်၊ ဦးအောင်သိန်းထွန်း (၃၆) နှစ်နှင့် ဦးသန်းစိန် (၃၅) နှစ်တို့ ဖြစ်ကြသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က လမ်းပြအဖြစ် ခေါ်ယူသွားခြင်းမှာ ဟုတ်မှန်ပြီး သူ့အနေဖြင့် မိသားစုများ၏ တိုင်ကြားမှုကို လက်ခံရရှိထားကြောင်း ပြောဆိုသည်။

May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...