ငပလီမြို့၌ သြစတြေးလျနိုင်ငံသား ၁ ဦး ကြိုးဆွဲချသေဆုံး

ငပလီမြို့၌ သြစတြေးလျနိုင်ငံသား ၁ ဦး ကြိုးဆွဲချသေဆုံး

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့တွင် နိုင်ငံခြားသား တစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့သည်။

သေဆုံးသွားသူမှာ သြစတြေးလျနိုင်ငံသား Mr.John Temaua Hooper (၄၂)နှစ် ဖြစ်ကြောင်း သိရသည်။

၎င်းသည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၃ နာရီ ၃၅ မိနစ်အချိန် သံတွဲမြို့နယ်၊ ငပလီမြို့၊ မြပြင်ရပ်ကွက်နေ ဦးမြတ်မိုး(၄၂)နှစ်(May 18 Guest House တည်းခိုခန်းပိုင်ရှင်)၏ နေအိမ်တွင်း အမြင့် ၉ ပေခန့်ရှိ ထုပ်တန်း၌ ကြိုးဆွဲချသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရဲဇာနည်က သတင်းတွင် ဖော်ပြထားသည်။

စစ်ဆေးချက်အရ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် Mr.John Temaua Hooper သည် ဇနီး ဖြစ်သူနှင့်အတူ Bay View ဟိုတယ်တွင် ရောက်ရှိတည်းခို နေထိုင်လျက်ရှိပြီး ဇနီးဖြစ်သူနှင့် အိမ်ထောင်ရေး အဆင်မပြေသဖြင့် မိမိကိုယ်ကို သတ်သေမည်ဟု အမြဲပြောဆိုလေ့ရှိကြောင်း ဇနီးဖြစ်သူ၏ ပြောကြားချက်ကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။

ဦးမြတ်မိုးတို့ မိသားစုမှာ May 18 Guest House တည်းခိုခန်းတွင် လက်ရှိနေထိုင်လျက်ရှိပြီး ခင်မင်ရင်းနှီးသူ Mr.John Temaua Hooper အား ဦးမြတ်မိုးမှ အခင်းဖြစ် နေအိမ်(လူမနေ)သော့အား ပေးထားကြောင်းသိရှိရသဖြင့် ဂျိတ္တာနယ်မြေ ရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၆/၂၀၁၉) ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Mr.John Temaua Hooper ၏ ပတ်စ်ပို့အမှတ် PA 8342699 ၊ ဗီဇာအမှတ် IA 126673 ၊ လုပ်ငန်းဗီဇာ၊ သက်တမ်း ၁၉ ဇန် ၁၁ မှ ၁၉ မတ် ၂၃ ရက်ထိ ဖြစ်ကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...