ငပလီမြို့၌ သြစတြေးလျနိုင်ငံသား ၁ ဦး ကြိုးဆွဲချသေဆုံး

ငပလီမြို့၌ သြစတြေးလျနိုင်ငံသား ၁ ဦး ကြိုးဆွဲချသေဆုံး

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့တွင် နိုင်ငံခြားသား တစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့သည်။

သေဆုံးသွားသူမှာ သြစတြေးလျနိုင်ငံသား Mr.John Temaua Hooper (၄၂)နှစ် ဖြစ်ကြောင်း သိရသည်။

၎င်းသည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၃ နာရီ ၃၅ မိနစ်အချိန် သံတွဲမြို့နယ်၊ ငပလီမြို့၊ မြပြင်ရပ်ကွက်နေ ဦးမြတ်မိုး(၄၂)နှစ်(May 18 Guest House တည်းခိုခန်းပိုင်ရှင်)၏ နေအိမ်တွင်း အမြင့် ၉ ပေခန့်ရှိ ထုပ်တန်း၌ ကြိုးဆွဲချသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရဲဇာနည်က သတင်းတွင် ဖော်ပြထားသည်။

စစ်ဆေးချက်အရ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် Mr.John Temaua Hooper သည် ဇနီး ဖြစ်သူနှင့်အတူ Bay View ဟိုတယ်တွင် ရောက်ရှိတည်းခို နေထိုင်လျက်ရှိပြီး ဇနီးဖြစ်သူနှင့် အိမ်ထောင်ရေး အဆင်မပြေသဖြင့် မိမိကိုယ်ကို သတ်သေမည်ဟု အမြဲပြောဆိုလေ့ရှိကြောင်း ဇနီးဖြစ်သူ၏ ပြောကြားချက်ကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။

ဦးမြတ်မိုးတို့ မိသားစုမှာ May 18 Guest House တည်းခိုခန်းတွင် လက်ရှိနေထိုင်လျက်ရှိပြီး ခင်မင်ရင်းနှီးသူ Mr.John Temaua Hooper အား ဦးမြတ်မိုးမှ အခင်းဖြစ် နေအိမ်(လူမနေ)သော့အား ပေးထားကြောင်းသိရှိရသဖြင့် ဂျိတ္တာနယ်မြေ ရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၆/၂၀၁၉) ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Mr.John Temaua Hooper ၏ ပတ်စ်ပို့အမှတ် PA 8342699 ၊ ဗီဇာအမှတ် IA 126673 ၊ လုပ်ငန်းဗီဇာ၊ သက်တမ်း ၁၉ ဇန် ၁၁ မှ ၁၉ မတ် ၂၃ ရက်ထိ ဖြစ်ကြောင်း သိရသည်။

Most read this week

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...