မြေပုံမြို့နယ် ကမ်းထောင်းကြီးတွင် မိသားစုတစ်စု ဓားပြတိုက်ခံရ

မြေပုံမြို့နယ် ကမ်းထောင်းကြီးတွင် မိသားစုတစ်စု ဓားပြတိုက်ခံရ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့တွင် ဖေဖော်ဝါရီ ၁၈ ရက် ညဉ့် ၁နာရီ ခွဲ အချိန်ခန့်က မိသားစုတစ်စု ဓားပြတိုက်ခံခဲ့ရသည်ဟု သတင်းရရှိသည်။

ဓားပြတိုက်ခံရသူမှာ ကမ်းထောင်းကြီးမြို့ ဈေးအနီး၊ ကမ်းနားလမ်းအလယ်ပိုင်းရပ်ကွက် အိမ်နံပါတ် (၂၉၂၊ သုံးထပ်တိုက်နေ ဦးအောင်မင်းစိုးနှင့် ဒေါ်ချိုချိုမြှင့်တို့မိသားစု ဖြစ်ကြောင်း သိရသည်။

အနုစီး ဓားပြတိုက်ခံရသူ ဦးအောင်မင်းစိုးက “ကျနော်ရယ်၊ ကျနော်မိန်းမနဲ့ ကလေးနှစ်ယောက် မိသားစုလေးယောက် အိပ်နေကြတာပါ။ ကျနော်ကလည်း အိပ်မက်မက်သလိုလို ဖြစ်နေတာ။ နောက်သတိရလာတော့ လူနှစ်ယောက်တွေ့တယ်။ တွေ့တဲပအချိန်မှာ ကျနော်ကအော်တယ်။ မင်းတို့ ဘယ်သူတွေလဲ။ ဘာကြောင့် ဝင်လာတာလဲ။ အော်တော့ သူတို့ တက်လာပြီး ဓားမြှောင်နဲ့ လာထောက်တာပါ။ လူက နှစ်ယောက်ပါ။ ညဉ့် တစ်နာရီခွဲလောက်မှာ သူတို့ အိမ်ပေါ် တက်လာတာပါ။ ကျနော်ကလည်း ညမအိပ်ခင် အလည်ပေါက်တံခါးကို ဂျက်မချခဲ့မိဘူး။ သူတို့အဲ့ဒီအပေါက်ကနေ ဝင်လာကြတာပါ။ မျက်နှာကိုတော့ အဝတ်စတွေနဲ့ နည်းနည်းအုပ်ထားတယ်။ ကျနော်လည်း မမှတ်မိပါဘူး။ သူတို့ပြောတဲ့လေသံက ကျနော်တို့ကမ်းထောင်းကြီးကလူတွေပြောတဲ့ လေသံတွေနဲ့ပြောပါတယ်”ဟု ပြောသည်။

ဦးအောင်မင်းစိုး၏ လည်ပင်းကိုဓားဖြင့်ထောက်ထားပြီး ဓားပြတိုက်သူ နှစ်ဦးမှသိန်း(၁၀၀) တောင်းကြောင်း၊ ဦးအောင်နိုင်စိုးက လောလောဆယ် ကျပ်သိန်း(၁၀၀)မရှိကြောင်း၊ ဘတ်ဖိုးတစ်စီးကလည်း အလုပ်လုပ် နေသည့် နေရာမှာမြုပ်နေကြောင်း၊လက်ထဲငွေ သုံးသိန်းသာရှိကြောင်း ပြောဆိုရာ ဓားဖြင့် ထိုးသတ်ရန်ပြုလုပ်ကြောင်း၊ သို့အတွက် ဇနီးဖြစ်သူမှ မီးခံသေတ္တာဖွင့်ပြီး ရွှေထည်များအား ပေးလိုက်ရကြောင်း၎င်းကပြောသည်။

“ပါသွားတဲ့ရွှေတွေက လည်ဆွဲ၊လက်ကောက်လက်စွပ်တွေပါသွားပါတယ်။သူတို့က ကလေးကိုပါ ဓားနဲ့ ထောက်ထားကြတယ်။ မပေးရင် ကလေးကိုဓားနဲ့ထိုးသတ်မယ်လုပ်လို့ ကျနော်တို့ကလည်းကြောက်ပြီး ရှိတဲ့ ရွှေထည်တွေကို ဖွင့်ပေးလိုက်တာပါ။ သူတို့ဝင်လာတဲ့အချိန် အော်တော့ လူတွေလည်း အိမ်အောက်မှာ ရောက်နေကြတယ်။ တံခါးပိတ်ထားတာဆိုတော့ ဝင်လို့မရဘူး။ အထဲမှာ ဓားပြတွေကလည်း ဓားနဲ့ ထောက်ထားတော့ ကြောက်ပြီး ကျနော်မိန်းမက အောက်ကလူတွေကို မလာကြပါနဲ့တော့ လာရင် သူတို့ ငါတို့ကို သတ်သွားးလိမ့်မယ်ဆိုပြီးပြောတယ်။ အဲဒီအချိန်မှာ သူ့က ရွှေထည်တွေယူပြီး နောက်ဘေး ပေါက်ကနေ ထွက်ပြေးသွားကြပါတယ်။ သူတို့မှာ ဖိနပ်တရန်နဲ့ ဓာတ်မီးတစ်လက် ကျန်ခံပါတယ်” ဟု ဦးအောင်မင်းစိုးကဆိုသည်။

ပါသွားသော ငွေသားနှင့် ရွှေထည် တန်းဖိုး ကာလပေါက်ဈေး သိန်း (၁၃၀)ခန့်ရှိကြောင်း၊ ဓားပြ တိုက်ခံရမှုနှင့် ပတ်သက်ပြီး ဌာနဆိုင်ရာ ရဲတပ်ဖွဲဝင်များအား ဆက်သွယ်ရာ ရဲတပ်ဖွဲ့ဝင်များ လက်ရှိမှာ လာရောက် စစ်ဆေးမှုများ ပြုလုပ် နေကြောင်း ဦးအောင်မင်းစိုးက ပြောသည်။

ဦးအောင်မင်းစိုးမှာ ကမ်းထောင်းကြီး လမ်း၊တံတားဆောက်လုပ်နေသည့် ကျော်ကြား ထွန်းတောက် ကုမ္ပဏီတွင် အလုပ်လုပ်နေသည့်ဝန်ထမ်းတစ်ဦးဖြစ်ကြောင်းသိရသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...