ရွှေ့ပြောင်းတောင်ယာလျော့ကျစေရန် ကုန်းမြင့်လယ်ယာမြေများ ဖော်ထုတ်လုပ်ဆောင်

ရွှေ့ပြောင်းတောင်ယာလျော့ကျစေရန် ကုန်းမြင့်လယ်ယာမြေများ ဖော်ထုတ်လုပ်ဆောင်

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်မှု လျော့ကျလာစေရန်အတွက် ကုန်းမြင့်လယ်ယာဖော်ထုတ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေကြောင်း သိရသည်။

” သဘာဝတောတောင်ရေမြေတွေမပျက်စီးအောင် တောင်ကတုံးမှာ တောင်ယာမီးရှို့မှုတွေမရှိအောင် ရွှေ့ပြောင်းတောင်ယာစနစ်တွေပပျောက်အောင် အစ်မတို့က ကွန်တိုလိုင်းတွေဖော်ပြီးစိုက်ပျိုးတာတို့ ကုန်းမြင့်လယ်ယာဖော်တာတို့ ဒါမျိုးတွေကို ဆောင်ရွက်ပေးတာပေါ့” ဟု ဖယ်ခုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းထက်ကဆိုသည်။

သစ်တော၊ သစ်ပင်များမပြုန်းတီးမပျက်စီးရန် တောင်ကတုံးဒေသများတွင်လည်း နှစ်ရှည်ပင်များစိုက်ပျိုးနိုင်ရန်အတွက်လည်း တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ပြီး အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ဆောင်ရွက်ပေးနေကြောင်းသိရသည်။

ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စုရှိ ကျေးရွာများသည် ရွှေ့ပြောင်းတောင်ယာများကို အဓိကထား လုပ်ကိုင်သည့်အတွက်ကြောင့် သစ်တောများပြုန်းတီးခြင်း၊ ရာသီဥတုများဖောက်ပြန်ခြင်းများ ပိုမိုဖြစ်လာနိုင်သောကြောင့် ကုန်းမြင့်လယ်ယာမြေများ ဖော်ထုတ်ခြင်းစနစ်ကို လုပ်ကိုင်ရခြင်းဖြစ်ကြောင်း ခေါင်းအိကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးပန်းညိုကဆိုသည်။

“အခုနိုင်ငံတော်က ကျွန်တော်တို့ကို သစ်တောထိန်းသိမ်းဖို့နဲ့ ရေမြေစိမ်းလန်းစိုပြေဖို့ဆို ကုန်းမြင့်လယ်ယာစီမံကိန်းကို ဧက၂၀၀ လောက်စတင်အကောင်အထည်ဖော်တယ်၊ စိုက်တာပျိုးတာတွေတော့ မရသေးဘူးမြေကအကြမ်းဖျင်းဘဲရှိသေးတာပေါ့ ” ဟု ဦးပန်းညိုကဆိုသည်။

ကုန်းမြင့်လယ်ယာဖော်ဆောင်သည့်စနစ်ကို တောင်သူအချို့မှာ နားမလည်သေးသော်လည်း ထိုစနစ်သည်ကောင်းမွန်သောကြောင့် တောင်သူများအားတိုက်တွန်းသွားမည် ဖြစ်ကြောင်း သိရသည်။

မြေမျက်နှာသွင်ပြင်အရ လယ်စိုက်ရန် အဆင်မပြေပြီး တောင်ယာစိုက်ပျိုးရန် ပိုသင့်တော်သည့်မြေဖြစ်သည်။ ထို့ကြောင့် လယ်စိုက်တောင်သူမှာ နည်းပါးပြီး၊ တောင်ယာများကို အဓိကထား စိုက်ပျိုးနေကြကြောင်း သိရသည်။

May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...