ရသေ့တောင်မြို့နယ် နွားတင်းကုတ်ကျေးရွာအနီးတိုက်ပွဲဖြစ်

ရသေ့တောင်မြို့နယ် နွားတင်းကုတ်ကျေးရွာအနီးတိုက်ပွဲဖြစ်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ နွားတင်းကုတ်ကျေးရွာအနီးတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား ယနေ့နံနက်က မိနစ် ၂၀ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

နွားတင်းကုတ်ကျေးရွာ မူလတန်းကျောင်းအုပ်ဆရာကြီးအား ဆက်သွယ်မေးမြန်းရာ သူက “ တိုက်ပွဲက ၉ နာရီလောက်မှာ စဖြစ်ပါတယ်။ နွားတင်းကုတ်ရွာ အရှေ့ဘက် ကျောက်ပြင်ဆိုတဲ့ နေရာမှာ ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲ ဖြစ်ပွားချိန်က မိနစ် ၂၀ လောက်ကြာပါတယ်” ဟု ပြောသည်။

တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး နွားတင်းကုတ် ကျေးရွာကသာမက အနီးအနားရှိ လိုင်ဂွင်ရွာ၊ လမုန်းတိုင်၊ ကျောက်တန်းကျေးရွာတို့မှလည်း ကြားခဲ့ရသည်ဟု ပြောဆိုသည်။

“ ဖြစ်တဲ့နေရာက ရွာကဆို တစ်မိုင်ခွဲလောက်ရှိပါတယ်။ သေနတ်သံတွေကတော့ ကြားရပါတယ်။ အနီးကပ်ကြားရပါတယ်။ ရွာသားတွေကတော့ ပြေးလွှားပြီး ဗုံးခိုကျင်းတွေမှာ ခိုအောင်းနေကြရပါတယ်။ ရွာထဲကို လက်နက်ကျည်ဆံတွေ ထိမှန်မရှိပါဘူး” ဟု ၎င်းကပြောဆိုသည်။

အကျအဆုံး၊ အထိအခိုက် ရှိ မရှိကို မသိရကြောင်း၊ တိုက်ပွဲ ရွာအနီးတွင် ဖြစ်ပွား၍ ရွာသားများ စိုးရိမ်နေကြကြောင်း၊ ရွာထဲသို့ မည်သည့် လက်နက်ကိုင်အဖွဲ့မှ ဝင်ရောက်လာခြင်း မရှိကြောင်း ၎င်းကျောင်းဆရာကြီးက ပြောကြားသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...