မြောက်ဦး မီးလောင်မှု နေအိမ်၁၆လုံး ဆုံးရှုံး၊ လူပေါင်း ၁၀၀နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်

မြောက်ဦး မီးလောင်မှု နေအိမ်၁၆လုံး ဆုံးရှုံး၊ လူပေါင်း ၁၀၀နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့ လော်ကမူ ဘုရားအနီး ဖေဖော်ဝါရီ နေ့လယ် ၂ နာရီ ၂၀ မိနစ်အချိန်က မီးလောင်မှုတစ်ခု ဖြစ်ပွားပြီး နေအိမ် ၁၆ လုံးပျက်စီး ဆုံးရှုံးခဲ့ရကာ လူပေါင်း ၁၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု သတင်းရရှိ သည်။

၎င်းမီးမှာ မြောက်ဦးမြို့နယ်၊ လော်ကမူရပ်ကွက်နေ (ဘ)ဦးလှထွန်းဖြူ၏ သမီး ဒေါ်ခိုင်ခိုင်ဝင်း အသက်(၄၈)နှစ်၊ နေအိမ်တွင်း မီးဖိုမီးကြွင်းမီးကျန်မှတဆင့်အနီးရှိ ဝါးထရံသို့ မီးပွားကူးစက်ရာမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယခုအခါ မီးဘေးဒုက္ခသည်များကို လော်ကမူ ဘုရားရင်ပြင်တွင် နေရာချပေးထားသည်ဟု မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

“ မီးဘေး ဒုက္ခသည်က စုစုပေါင်း ၉၈ ရှိပါတယ်။ သူတို့စားဝတ်နေရေးက မြို့ပေါ်က စေတနာရှင်တွေက ကူညီထားပါတယ်။ ခရိုင်ကတော့ သွပ်ပြား ၁၄၀ ကူညီလှူဒါန်းမယ်လို့ ပြောပါတယ်။ ကျွန်တော်အနေနဲ့ လူမှုရေး ဝန်ကြီး ဒေါက်တာ ချမ်းသာကိုလည်း ကူညီတောင်းထားပါတယ်။ တစ်ချို့ မိသားစုတွေဆိုရင် ဘာပစ္စည်းမှ မရဘဲ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာခဲ့ရတာတွေလည်း ရှိပါတယ်” ဟု ဦးထွန်းသာစိန်က ပြောကြားသည်။

မီးလောင်မှုသတင်းအရ မြောက်ဦးမြို့နယ် မီးသတ် တပ်ဖွဲ့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦး၊ မီးသတ်ကား ၅ စီးဖြင့် သွားရောက် မီးသတ်ခဲ့ပြီး နေ့လယ် ၂ နာရီ ၅၀ မိနစ်တွင် မီးထိန်းပြီး ၃ နာရီအချိန်တွင် မီးအပြီး ငြိမ်းသတ်နိုင်ခဲ့ကြောင်း မြောက်ဦးခရိုင် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက နိရဉ္စရာ သို့ပြောသည်။

မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...