ပျောက်ဆုံးနေသူ မောင်တောမြို့နယ် သင်္ဘောလှကျေးရွာသား ၃ ဦးအလောင်း ကျင်းတစ်ခုတည်းတွင် မြုပ်နှံတွေ့ရှိ

ပျောက်ဆုံးနေသူ မောင်တောမြို့နယ် သင်္ဘောလှကျေးရွာသား ၃ ဦးအလောင်း ကျင်းတစ်ခုတည်းတွင် မြုပ်နှံတွေ့ရှိ

မြန်မာ-ဘင်္ဂလာဒေ့ရှ် နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း၊ အထက်သင်္ဘောလှ ကျေးရွာမှ ပျောက်ဆုံးနေသူ ဒိုင်းနက်လူမျိုး ၃ ဦး၏ အလောင်းကို ကျင်းတစ်ခုတည်းတွင် မြုပ်နှံ၍ ယနေ့ နံနက်က ၉ နာရီကျော်က ရှာဖွေ တွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။

ဒေသခံ တစ်ဦးဖြစ်သူ ဦးမောင်ဝင်းလိူင်က “ သူတို့က မနေ့ မနက် ထမင်းစားပြီး ဂဏန်းရှာဖို့သွားတဲ့ အချိန်ကတည်းက ပျောက်သွားပါတယ်။ မနေ့က ညဉ့် ၁၂ နာရီထိ ပြန်မရောက်ဘူး။ ဒီကနေ့ မနက်က လိုက်ရှာတော့ သူတို့သုံးယောက်လုံးရဲ့ အလောင်းကို တစ်ကျင်းတည်းမှာ မြုပ်နှံထားတာကို နံနက် ၉ နာရီ ကျော်မှာ တွေ့ရှိပါတယ်” ဟု ပြောကြားသည်။

အသတ်ခံခဲ့ရသူများမှာ အထက်သင်္ဘောလှ ကျေးရွာမှ ဦးလှထွန်းမောင် (၃၈) နှစ် (ဘ) ဦးထွန်းလှဦး၊ ဦးထွန်း (၄၀) (ဘ) ဦးမောင်ဘဦးနှင့် ဦးမောင်ထွန်းစိန် (၄၀) နှစ်တို့ ဖြစ်ကြသည်။

“ ကျွန်တော်တို့က အာရ်ဆာ(ARSA ) အဖွဲ့ကသတ်တယ်လို့ ယူဆထားပါတယ်။ ဒီနေရာက ဘင်္ဂလာဒေ့ရှ်နဲ့ ကပ်ရပ်တည်ရှိပြီး သူတို့ဘဲ လူပ်ရှားနေတာရှိတော့ အာရ်ဆာဘဲ ဖြစ်ဖို့များပါတယ်။ ဒဏ်ရာတွေက ဦးခေါင်းတွေမှာရော၊ ခြေထောက်တွေမှာရော ရပါတယ်။ ဓားနဲ့ ခုတ်သတ်ထားတာပါ။ တစ်ယောက်ကတော့ လည်ပင်း ပြတ်ရှ ဒဏ်ရာပါပါတယ်” ဟု ပြောကြားသည်။

လက်ရှိတွင် နယ်စက် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များရောက်ရှိနေပြီး စစ်ဆေးချက်များယူနေသည်ဟု ဦးမောင်ဝင်းလိူင်က ပြောကြားသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲမှူးကြီးသို့ ဆက်သွယ်ရာ အဆိုပါ လူသတ်မှုနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်အောင် စိစစ်နေကြောင်း ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူးတို့ကို ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...