ကချင်စစ်ရှောင်များနေရပ်ပြန်ချိန် Nippon Foundation မှ အပြည့်အဝ ကူညီမည်ဟု ပြော

ကချင်စစ်ရှောင်များနေရပ်ပြန်ချိန် Nippon Foundation မှ အပြည့်အဝ ကူညီမည်ဟု ပြော

ကချင်စစ်ရှောင်များ နေရပ်ပြန်အခြေချသည့်အချိန် ဂျပန် Nippon Foundation က အပြည့်အဝ ကူညီပေးမည်ဖြစ်ကြောင်း KHCC ကိုပြောဆိုခဲ့သည်ဟု သိရပါသည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ အင်္ဂါနေ့ မနက် ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးစဉ်မှာ အခုလိုပြောဆိုခဲ့သည်ဟု Kachin Humanitarian Concern Committee ခေါင်းဆောင် တာဝန်ယူထားသည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဌ Rev. Dr. Hkalam Samson ပြောပါသည်။

“Nippon Foundation က အရင်တွေ့တုန်းကတော့ အစိုးရထိန်းချုပ်ပြင်ပကို ကူညီဖို့ခက်ခဲ့ကြောင်း ပြောတဲ့အတွက် အမြင်ချင်းကွဲသွားပေမယ့် ဒီတစ်ခေါက်တော့ သူတို့က အစိုးရထိန်းချုပ်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ စစ်ရှောင်နေရပ်ပြန်နိုင်ရေးမှာ လုံလုံလောက်လောက် ကူညီမယ်လို့ ပြောပါတယ်။”

လွန်ခဲ့သည့် ဒီဇင်ဘာလ Nippon Foundation ဥက္ကဌ Mr. Sasakawa နှင့် ကချင်အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ မြစ်ကြီးနား KBC အဖွဲ့ချုပ်ရုံးတွင် တွေ့ဆုံစဉ် Nippon Foundation သည် အစိုးရထိန်းချုပ်ဧရိယာအတွင်းသာ ကူညီနိုင်ကြောင်း ပြောဆိုသည့်အတွက် အဆင်မပြေခဲ့ကြောင်း သိရပါသည်။

ထို့အပြင် ပြည်ပအခြေစိုက် ကချင်အမျိုးသားအစည်းအရုံး KNO ခေါင်းဆောင် ဒူဝါဘောမ်ဝမ် လရော် နှင့် Nippon Foundation စီမံခန့်ခွဲရေး ဒါရိုက်တာ Mr. Yuji Mori ဖေဖော်ဝါရီ ၁၀ ရက်နေ့ ချင်းမိုင်မြို့တွင် တွေ့ဆုံစဉ်လည်း ကချင်စစ်ရှောင်များကို ကူညီမည့်အကြောင်း ပြောဆိုခဲ့သည်ဟု ပြောပါသည်။

ကချင်စစ်ရှောင်များ နေရပ်ပြန်နိုင်ရန် KHCC အနေဖြင့်လည်း အစိုးရတပ်မတော် နှင့် KIO နှစ်ဖက်စလုံးကို တိုက်တွန်းသွားမည်ဟု ဆိုပါသည်။

Most read this week

မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...
စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...