စစ်ကိုင်းတိုင်း တမူးနယ်စပ်မှ ဖြတ်သန်း၍ ဗုဒ္ဓဂါယာသို့ သွားမည့်ခရီးစဉ် စတင်

စစ်ကိုင်းတိုင်း တမူးနယ်စပ်မှ ဖြတ်သန်း၍ ဗုဒ္ဓဂါယာသို့ သွားမည့်ခရီးစဉ် စတင်

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ နှင့် မြန်မာ- အိန္ဒိယနယ်စပ် မိုးရေးမြို့မှ ဖြတ်သန်း၍ ဗုဒ္ဓဂါယာသို့ ခရီးစဉ်ကနဦး ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် စတင်ထွက်ခွာခဲ့ကြောင်း သိရသည်။

 ယင်းခရီးသွားအစီအစဉ်တွင် ခရီးသည် ၁၄ ဦးပါဝင်ပြီး မဏိပူရ်ပြည်နယ်မှ စတင်ထွက်ခွာကာ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် တမူးမြို့သို့ပြန်ရောက်မည်ဖြစ်သည်။

 “တမူးဂိတ်ကနေ နိုင်ငံတကာနယ်စပ်က ပြီးခဲ့တဲ့ သြဂုတ်လ (၈) ရက်က တရားဝင် ပွင့်သွားတဲ့အခါကြတော့ အဲ့ဒီကနေ ခရီးသွားတွေ ပိုပြီးသွားလာလို့ရပြီ။ အဲ့လိုသွားလာတဲ့အခါ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအတွက် နယ်စပ်ကနေဖြတ်ပြီး ကုန်ကျစရိတ် သက်သက်သာသာနဲ့ ဗုဒ္ဓဂါယာကို ဘုရားဖူးသွားရောက်နိုင်ဖို့ လုပ်ဆောင် နေတယ်။ အဲဒီလိုလုပ်ဆောင်တဲ့အနေနဲ့ ဒီခရီးစဉ်ကို ပထမဆုံးအနေနဲ့ စမ်းသပ်သွားဖို့ကူညီလုပ်ဆောင်တာ ဖြစ်ပါတယ်” ဟု ခရီးစဉ်အား ကမထပြုသူ Mizzima Foundation မှ မန်နေဂျာ ဒေါ်နိုနိုလင်း မှပြောသည်။

ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ ဘုရားဖူးများ နယ်စပ်ဖြတ်ပြီး ဗုဒ္ဓဂါယာ ဘုရားဖူးရာတွင် ကုုန်ကျစရိတ်များ အတိအကျ သိရှိနိုင်ဖို့ လေ့လာတွက်ချက်သွားမည်ဖြစ်ကြောင်း သိရသည်။

 “ဗုဒ္ဓဂါယာ ဘုရားဖူးအတွက် တစ်ဦးချင်းစီ ခရီးစဉ် ကုန်ကျစရိတ်နှင့် ပတ်သက်လို့ကတော့ တမူးမြို ့ နယ်စပ် ကနေဖြတ်ပြီး မဏိပူရ်ပြည်နယ်ကနေ ကုန်းလမ်းကားနဲ့သွားမယ်ဆိုရင် တစ်ဦးကို မြန်မာငွေ ကျပ် (၅) သိန်း လောက်ကျမယ် မှန်းတယ်။ မဏိပူရ်ပြည်နယ် အင်ဖာမြို့ကနေ လေယာဉ်နဲ့ ဂါယာမြို့ ကိုသွားမယ်ဆိုရင်တော့ တစ်ဦးကို ကျပ် (၇) သိန်းလောက်ကျမယ်လို့ ခန့်မှန်းထားပါတယ်" ဟု Popular Myanmar Travel & Tour မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 ယင်းခရီးသွားအစီအစဉ်အား ရန်ကုန်အခြေစိုက် Mizzima Foundation နှင့် Parami Energy တို့က ကမကထပြုလုပ်ပြီး မြန်မာနိုင်ငံမှ Popular Myanmar Travel & Tour နှင့် မဏိပူရ်ပြည်နယ် အင်ဖာမြို့ အခြေစိုက် Indomyan Journeys တို့က စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်။

Most read this week

စစ်အုပ်စုတပ်က ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲ တစ်ခု။ / Crd
September 8, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန်...
ရွာသစ်တောကျောင်းကို စက်တင်ဘာလ ၆ ရက်က ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ပျံလွန်တော်မူသည့် သံဃာတော် / CJ
September 8, 2026
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်အုပ်စုတပ်၏ ဒရုန်းဖြင့် ဗုံးကြဲချမှုကြောင့်...
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် / Crd
September 7, 2026
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ‘FREE HER’ လှုပ်ရှားမှုကို စတင်လိုက်ပြီ...
ဓာတ်ပုံ - ကလေးမြို့တွင် စက်တင်ဘာလ ၆ ရက်နေ့က ရေစီးနှင့်အတူ မျောပါသွားသူ လူငယ်တစ်ဦးကို ဒေသခံများက ဝိုင်းဝန်းရှာဖွေနေစဉ်။
September 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ...