စစ်ကိုင်းတိုင်း တမူးနယ်စပ်မှ ဖြတ်သန်း၍ ဗုဒ္ဓဂါယာသို့ သွားမည့်ခရီးစဉ် စတင်

စစ်ကိုင်းတိုင်း တမူးနယ်စပ်မှ ဖြတ်သန်း၍ ဗုဒ္ဓဂါယာသို့ သွားမည့်ခရီးစဉ် စတင်

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ နှင့် မြန်မာ- အိန္ဒိယနယ်စပ် မိုးရေးမြို့မှ ဖြတ်သန်း၍ ဗုဒ္ဓဂါယာသို့ ခရီးစဉ်ကနဦး ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် စတင်ထွက်ခွာခဲ့ကြောင်း သိရသည်။

 ယင်းခရီးသွားအစီအစဉ်တွင် ခရီးသည် ၁၄ ဦးပါဝင်ပြီး မဏိပူရ်ပြည်နယ်မှ စတင်ထွက်ခွာကာ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် တမူးမြို့သို့ပြန်ရောက်မည်ဖြစ်သည်။

 “တမူးဂိတ်ကနေ နိုင်ငံတကာနယ်စပ်က ပြီးခဲ့တဲ့ သြဂုတ်လ (၈) ရက်က တရားဝင် ပွင့်သွားတဲ့အခါကြတော့ အဲ့ဒီကနေ ခရီးသွားတွေ ပိုပြီးသွားလာလို့ရပြီ။ အဲ့လိုသွားလာတဲ့အခါ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအတွက် နယ်စပ်ကနေဖြတ်ပြီး ကုန်ကျစရိတ် သက်သက်သာသာနဲ့ ဗုဒ္ဓဂါယာကို ဘုရားဖူးသွားရောက်နိုင်ဖို့ လုပ်ဆောင် နေတယ်။ အဲဒီလိုလုပ်ဆောင်တဲ့အနေနဲ့ ဒီခရီးစဉ်ကို ပထမဆုံးအနေနဲ့ စမ်းသပ်သွားဖို့ကူညီလုပ်ဆောင်တာ ဖြစ်ပါတယ်” ဟု ခရီးစဉ်အား ကမထပြုသူ Mizzima Foundation မှ မန်နေဂျာ ဒေါ်နိုနိုလင်း မှပြောသည်။

ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ ဘုရားဖူးများ နယ်စပ်ဖြတ်ပြီး ဗုဒ္ဓဂါယာ ဘုရားဖူးရာတွင် ကုုန်ကျစရိတ်များ အတိအကျ သိရှိနိုင်ဖို့ လေ့လာတွက်ချက်သွားမည်ဖြစ်ကြောင်း သိရသည်။

 “ဗုဒ္ဓဂါယာ ဘုရားဖူးအတွက် တစ်ဦးချင်းစီ ခရီးစဉ် ကုန်ကျစရိတ်နှင့် ပတ်သက်လို့ကတော့ တမူးမြို ့ နယ်စပ် ကနေဖြတ်ပြီး မဏိပူရ်ပြည်နယ်ကနေ ကုန်းလမ်းကားနဲ့သွားမယ်ဆိုရင် တစ်ဦးကို မြန်မာငွေ ကျပ် (၅) သိန်း လောက်ကျမယ် မှန်းတယ်။ မဏိပူရ်ပြည်နယ် အင်ဖာမြို့ကနေ လေယာဉ်နဲ့ ဂါယာမြို့ ကိုသွားမယ်ဆိုရင်တော့ တစ်ဦးကို ကျပ် (၇) သိန်းလောက်ကျမယ်လို့ ခန့်မှန်းထားပါတယ်" ဟု Popular Myanmar Travel & Tour မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 ယင်းခရီးသွားအစီအစဉ်အား ရန်ကုန်အခြေစိုက် Mizzima Foundation နှင့် Parami Energy တို့က ကမကထပြုလုပ်ပြီး မြန်မာနိုင်ငံမှ Popular Myanmar Travel & Tour နှင့် မဏိပူရ်ပြည်နယ် အင်ဖာမြို့ အခြေစိုက် Indomyan Journeys တို့က စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်။

Most read this week

January 31, 2026
Powerful explosions from 500-pound bombs dropped by Myanmar military jet fighters shook the Thai...
ချင်းပြည်နယ်ရှိ မြို့နယ် ကိုးမြို့နယ်အနက် တီးတိန်နှင့် ဟားခါးမြို့မှ အပ တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် မြို့နယ်ခုနစ်မြို့နယ်ကို စစ်အုပ်ချုပ်ရေးသက်တမ်း တိုးမြှင့် လိုက်ခြင်းသည် ၎င်းတို့၏ အုပ်ချုပ်ရေးပြိုလဲနေခြင်းဖြစ်ကြောင်း ချင်းပြည်ကောင်စီအထွေထွေအတွင်း ရေးမှူးကပြောဆိုသည်။(Chinland Information Center)
January 31, 2026
ပါခွီး — ချင်းပြည်နယ်အတွင်း စစ်ကော်မရှင်၏ အုပ်ချုပ်ရေးယန္တရားပြိုလဲနေခြင်းကြောင့်...
January 30, 2026
မြို့နယ် ၆၃ မြို့နယ်တွင် အရေးပေါ်အခြေအနေ ကြေညာထားမှု သက်တမ်းထပ်တိုးပြီး ယာယီသမ္မတဟုဆိုသည့်...
ဓာတ်ပုံ- လွှတ်တော်တက်လာသည့် တပ်ကိုယ်စားလှယ်များကို ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တွေ့ရစဉ် ။ (ROMEO GACAD / AFP)
January 29, 2026
ဂျူချန်း — စစ်အုပ်စုကျင်းပသည့် ရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံပြု...