မာန်အောင်မီးပြအနီး ဆင်ပြောင်သင်္ဘောနစ်၍ ပျောက်ဆုံးနေသူ ၁၈ ဦးထဲမှ လူ ၈ ဦးအလောင်းတွေ့

မာန်အောင်မီးပြအနီး ဆင်ပြောင်သင်္ဘောနစ်၍ ပျောက်ဆုံးနေသူ ၁၈ ဦးထဲမှ လူ ၈ ဦးအလောင်းတွေ့

မာန်အောင်မြို့နယ်ရှိ လက်ဖက်ကျွန်းမီးပြတိုက် အနီး နစ်မြုပ်သွားသည့် သင်္ဘောမှ အလောင်း ၈ လောင်းကို လက်ရှိ ဆယ်ယူရရှိထားပြီဟု သိရသည်။

ဆယ်ယူရရှိသည့် အလောင်းများမှာ ဦးထွန်းထွန်း (သင်္ဘောကပ္ပတိန်)၊ ဦးထွန်းအောင် (သင်္ဘောအရာရှိ)၊ ကိုမြင့်ဇော် (အော်ပရေတာ)၊ ဦးကျော်ညွှန့်၊ ဦးသိန်းလွှင် (သင်္ဘောသား)၊ ဦးထွန်းဦး (သင်္ဘောသား)၊ ဦးမြတ်ဆွေ နှင့် ဦးတင်မောင်ဝင်းတို့ ဖြစ်ကြသည်ဟု ကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင်က ပြောသည်။

မာန်အောင်မြို့နယ် နာရေး အသင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးကျော်မိုးနိုင်က “ အခု ကျွန်တော်တို့ ဒီအလောင်းတွေကို သယ်ယူဖို့ ဇီးတောကမ်းခြေကို ရောက်နေပါတယ်။ ဒီနေ့ ညနေ ၅ နာရီလောက်မှာ မာန်အောင်ကို သယ်ယူမှာပါ”ဟု ပြောဆိုသည်။

ဆင်ပြောင် အမည်ရှိ သဘောၤသည် ရခိုင်ပြည်နယ် မာန်အောင်မြို့၊ ဇီးတောကမ်းခြေနှင့် ၄ မိုင်အကွာတွင် လက်ဖက်ကျွန်းမီးပြတိုက် ပြုပြင်ရန်သွားရောက်စဉ် ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်က နစ်မြုပ်သွားခဲ့သည်။

ပျောက်ဆုံးနေသူ နောက်ထပ် ၁၀ ဦးကို ကြက်ခြေနီ၊ မီးသတ်၊ ထွေအုပ်၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံ ရှာဖွေနေကြောင်း ၎င်းက ပြောကြားသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...