အုန်းချောင်းကျေးရွာအနီး မပေါက်ကွဲဘဲ ကျန်နေခဲ့သည့် လက်နက်ကြီးကျည်များကို ရှင်းလင်းဖယ်ရှားပေးစေလိုဟု ရွာဆရာတော်မိန့်ကြား

အုန်းချောင်းကျေးရွာအနီး မပေါက်ကွဲဘဲ ကျန်နေခဲ့သည့် လက်နက်ကြီးကျည်များကို ရှင်းလင်းဖယ်ရှားပေးစေလိုဟု ရွာဆရာတော်မိန့်ကြား
ဇန်နဝါရီ ၃၀ ရက်နေ့က ရိုက်ယူခဲ့သည့် အုန်းချောင်းရွာဝင်၀ လမ်းဘေးရေမြောင်းတွင် မပေါက်ကွဲဘဲ ကျန်နေသည့် လက်နက်ကြီးကျည်နှင့် ပျက်စီးသွားသည့် ဓမ္မာရုံ
ဇန်နဝါရီ ၃၀ ရက်နေ့က ရိုက်ယူခဲ့သည့် အုန်းချောင်းရွာဝင်၀ လမ်းဘေးရေမြောင်းတွင် မပေါက်ကွဲဘဲ ကျန်နေသည့် လက်နက်ကြီးကျည်နှင့် ပျက်စီးသွားသည့် ဓမ္မာရုံ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ အုန်းချောင်းကျေးရွာ ရွာဝင်ဝတွင် ဇန်နဝါရီ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း မပေါက်ကွဲဘဲ ကျန်နေခဲ့သည့် လက်နက်ကြီးကျည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ အမြန်ဆုံး ရှင်းလင်း ဖယ်ရှားပေးစေလိုသည်ဟု အုန်းချောင်းကျောင်း ဆရာတော် ဦးတေစိန္တက မိန့်ကြားသည်။

“ အခု လက်နက်ကြီးကျည်တွေ မပေါက်ကွဲဘဲ ကျန်နေတာတွေ ရှိနေတယ်။ အခု အဲဒီအနားကို ဘယ်သူမှ မသွားရဲဘဲဖြစ်နေတယ်။ ရွာပြင်မှာ နှစ်လုံးတွေ့တယ်။ တစ်လုံးကိုတော့ ဝါးလုံးနဲ့ ထောင်ပြီး သတိပေးထားတယ်။ ရွာဝင် လမ်းဘေးရေမြောင်းထဲမှာလည်း တစ်လုံးတွေ့တယ်။ ဒါတွေကို သက်ဆိုင်ရာက အမြန်ဆုံး ဖယ်ရှားပေးစေလိုပါတယ်” ဟု ဆရာတော်မှ နိရဉ္စရာ သတင်းဌာနမှ သွားရောက်တွေ့ဆုံ မေးမြန်းစဉ် မိန့်ကြားသည်။

ထိုသို့ ကျေးရွာ အနီးတွင် မပေါက်ကွဲဘဲ ကျန်နေခဲ့သည့် လက်နက်ကြီးကျည်များရှိနေသဖြင့် တစ်ရွာလုံးသားအနေဖြင့် စိုးရိမ်နေကြသည်ဟု ဆရာတော်က ပြောဆိုသည်။

အုန်းချောင်းကျေးရွာတွင် ဇန်နဝါရီ ၂၈ နံနက်ပိုင်းက မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း စစ်တပ်မှ လက်နက်ကြီးများထုခဲ့သဖြင့် ဓမ္မာရုံခေါင်းမိုးပေါ်သို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့သဖြင့် ခေါင်းမိုးပျက်စီးခဲ့သည်ဟုလည်း ရွာသားများက ပြောကြားသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေကောင်းချောင်းကျေးရွာမှ ၇ တန်းကျောင်းသား တစ်ဦးသူ မောင်အောင်ဝင်းထွန်း သည် ကျောင်းဆင်းစဉ် ကောက်ရခဲ့သည့် ဗုံးသီးတစ်လုံးအား အိမ်ကို ယူလာပြီး အိမ်အရောက်တွက် စူးဖြင့် ထိုးကြည့်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားပြီး ဇန်နဝါရီ ၁၄ ရက်နေ့က သေဆုံးသွားခဲ့သည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...