ကျည်ဆံထိမှန်သေဆုံးခဲ့သည့် မောင်နိုင်စိုးအသုဘကို ထောင်နှင့်ချီသောဒေသခံပြည်သူများ လိုက်ပါပို့ဆောင်

ကျည်ဆံထိမှန်သေဆုံးခဲ့သည့် မောင်နိုင်စိုးအသုဘကို ထောင်နှင့်ချီသောဒေသခံပြည်သူများ လိုက်ပါပို့ဆောင်

ကျည်ဆံထိမှန်ကွယ်လွန်သွာခဲ့သည့် မောင်နိုင်စိုး (၇) နှစ်ကို ဇန်နဝါရီ ၃၀ ရက်နေ့က သမီးလှရွာသစ် သချိုင်္င်းတွင် သဂြိင်္ုလ်ရာ ဒေသခံ ပြည်သူ ထောင်ပေါင်းများစွာ လိုက်ပါ ပို့ဆောင်ပေးခဲ့သည်။

အသုဘ လိုက်ပါပို့ဆောင်သူတစ်ဦးက “ လာရောက်ကြတဲ့လူတွေက ရွာပေါင်း ၁၀၀ ကျော်က လာကြာတာပါ။ ရသေ့တောင်မြို့နယ် တစ်ခုလုံးအပါအဝင် မယူကမ်းကရွာတွေကလည်း လာကြသလို ဘူးသီးတောင်မြို့နယ်ကလည်း လာကြပါတယ်။ လာရောက်ကြတဲ့သူတွေက လူပေါင်း ၅၀၀၀ ကျော်လာက်တော့ရှိမယ်ထင်ပါတယ်။ ဘုန်းတော်ကြီးပျံပွဲထက် လူရောက်ပါတယ်” ဟု ပြောကြားသည်။

မောင်နိုင်စိုးသည် သမီးလှရွာသစ် မူလတန်းကျောင်းတွင် ပထမတန်းသင်ယူနေသောကျောင်းသား တစ်ဦးဖြစ်ပြီး ဇန်နဝါရီ ၂၆ ရက်နေ့ နံနက် ၉ နာရီကျော်အချိန်က မိခင်ဖြစ်သူ ထမင်းချက်ရာ အနီးတွင် ရှိနေစဉ် လက်နက်ကြီး အပိုင်းအစ ဦးခေါင်းတွင် ထိမှန်ခဲ့သည်။ ဒဏ်ရာအခြေအနေစိုးရိမ်ရသဖြင့် ရသေ့တောင်မြို့နယ် ဆေးရုံသို့ ယူဆောင်ခဲ့ရပြီး နောက်ထပ် တစ်ဖန် ရသေ့တောင်မြို့နယ်ဆေးရုံမှ စစ်တွေဆေရုံကြီးသို့ ယူဆောင်ခဲ့ရသည်။ ဇန်နဝါရီ ၂၈ ရက်နေ့က စစ်တွေဆေးရုံမှ တစ်ဖန် ရန်ကုန်ဆေးရုံကြီးသို့ လူနာတင်ကားဖြင့် ပို့ဆောင်ရာ ကျောက်တော်မြို့ အရောက်တွင် ညနေ ၇ နာရီ ၄၅ မိနစ်၌ ကွယ်လွန်သွားခဲ့သည်။

သူ၏ အလောင်းအား စစ်တွေမှ သူ၏ မွေးရပ်ရွာသို့ ဇန်နဝါရီ ၂၉ ရက်နေ့တွင် ယူဆောင်ခဲပြီး ဇန်နဝါရီ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် သဂြိုင်္လ်ခဲ့သည်။

“ကျွန်တော်တို့လာတာက ခုလို ကလေးတစ်ဦး တိုက်ပွဲထဲသေဆုံးသွားရတဲ့ အပေါ် လုံးဝ စိတ်မကောင်းဘူး။ ဒါကြောင့် သူ့ရဲ့ အသုဘကို လိုက်ပါပို့ဆောင်ဖို့လာတာပါ။ ရခိုင်ဒေသခံတွေ ပြည်သူတွေအကြားမှာတော့ ခုလို ကလေးငယ် တစ်ဦး ကျည်ဆံထိမှန်သေဆုံးခဲ့ရတဲ့ အပေါ် အထူးစိတ်မကောင်းဖြစ်နေကြတာကို တွေ့ရပါတယ်” ဟု မယူကမ်းမှ အသုဘ လိုက်ပါ ပို့ဆောင်သူ တစ်ဦးက ပြောသည်။

အသုဘ အခမ်းအနားသို့ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၄ ဦးတက်ရောက်ပြီး မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက မောင်နိုင်စိုး အတွက် ဝမ်းနည်းကြောင်းနှင့် ဒေသခံ ပြည်သူများအား အားပေးစကားပြောကြားခဲ့သည်။ ၎င်းပြင် စစ်ပွဲရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရန် နိုင်ငံတော် အစိုးရနှင့် တပ်မတော်ကို ၎င်းက တိုက်တွန်း တောင်းဆိုခဲ့သည်။

၎င်းနောက် စေတီပြင်ကျေးရွာမှ ဦးကျော်ဝင်းက “ထာဝရမသီရည်သား” ကဗျာကို ရွတ်ဖတ်ခဲ့ပြီး မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဆရာ ဓညဦး ရေးသားသော “ငါရို့ ခရီးဆက်ကတ်မယ်” ကဗျာကို ရွတ်ဖတ်ခဲ့သည်။ ရသေ့တောင်မြို့ CSO ပေါင်းစုံကလည်း လွမ်းသူ့ ပန်းခွေချကာ မောင်နိုင်စိုး၏ နောက်ဆုံးခရီးကို ဂုဏ်ပြုခဲ့ကြသည်။

၎င်းနောက် မောင်နိုင်စိုး အလောင်းအား ဂူသွင်းသဂြိင်္ုလ်ခဲ့သည်။

(ဓာတ်ပုံ-အသုဘ အခမ်းအနားသို့ လာရောက်ကြသည့် ရခိုင်ပြည်သူများ)

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...
December 8, 2025
ယခင်ကလက်နက်ကြီးပစ်ခတ်သံများကိုသာ ကြားခဲ့ရပြီး ယခုရက်ပိုင်းအတွင်း စက်သေနတ်နှင့် လက်နက်ငယ်မျိုးစုံ...