ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းမှ တောင်ပေါ်သားလေးရာကျော် စားဝတ်နေရေး အခက်အခဲဖြစ်

ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းမှ တောင်ပေါ်သားလေးရာကျော် စားဝတ်နေရေး အခက်အခဲဖြစ်

ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း တောင်ပေါ်ကျေးရွာအုပ်စုများဖြစ်သော ခမောင်းချောင်းနှင လောင်းယုန် အုပ်စုများရှိ ကျေးရွာများမှ လူဦးရေ လေးရာကျော်မှာ စားဝတ်နေရေး အခက်အခဲများဖြစ်နေကြောင်း သတင်းရရှိသည်။

၂၀၁၈ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ဖြစ်ခဲ့သော တိုက်ပွဲများကြောင့် ဝါးနက်ရုံ၊ နဟုန်း၊ နဟန်း၊ သဖန်း၊ သရက်ဇိုင်း စသည့်ကျေးရွာများမှ ဒေသခံများသည် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး တစ်လကျော်ကြာသည့်တိုင် အကူအညီလုံလောက်အောင် မရနိုင်သေးသည့်အတွက် အခက်အခဲများ ဖြစ်နေရကြောင်း ဒေသခံရွာသားများက ပြောသည်။

နဟန်းရွာသားများမှာ ကျေးရွာအတွင်းမှ အပြင်ထွက်၍ နေ့စဉ်ပုံမှန် စားဝတ်နေရေးလုပ်ငန်းများကို မလုပ်နိုင်ပဲ အခက်အခဲဖြစ်နေရသလို ဝါးနက်ရုံကျေးရွာနေသူများမှာလည်း အခက်အခဲဖြစ်နေရသည်ဟု ဆိုသည်။

ဝါးနက်ရုံရွာမှ အနီးဆုံး တောင်ဘဇာကျေးရွာသို့ ဈေးဝယ်ရန်အတွက် ထောက်ခံစာယူရသလို အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ရနေသဖြင့် စားနပ်ရိက္ခာ အခက်အခဲဖြစ်လာနေသည်ဟု သိရသည်။

နဟန်း၊ သရက်ဇိုင်၊ သဖန်း၊ စသည့်ကျေးရွာများမှ တိမ်းရှောင်လာသူများသည် ငဖရုံရွာတွင် ယာယီနေထိုင်ကြရသလို ငဖရုံဒေသခံရွာသားများတွင်လည်း စားဝတ်နေရေးအခက်အခဲဖြစ်လာနေကြောင်း ငဖရုံရွာမှ ကိုထွန်းမောင်က ပြောသည်။

"တိုတ်ပွဲတွေဖြစ်တော့ ရွာမှရှိတဲ့ ဥယဉ်ခြံမြေတွေ၊ နွားတွေကိုပစ်ပြီး ချက်ခြင်းထွက်လာရတော့ ကျနော်တိုမှာ ဘာမှပါမလာဘူး၊ အခုတော့ငြိမ်နေပေမယ့် နောက်ထပ်တိုက်ပွဲတွေဖြစ်လာမယ်လို့ကြားတော့ မပြန်ရဲဘူး။ ကျွန်တော်တို့ နေရာကို အကူအညီပေးမယ့်သူတွေလဲ တောင်ဘဇာအထိဘဲ လာလို့ရပါတယ။် ကျနော်တို့ နေတဲ့နေရာနဲ့ တောင်ဘဇာကို ၁၀ မိုင်လောက်ရှိတယ် ခြေလျှင်သွားရတယ်။ ပစ္စည်းတွေ ခက်ခက်ခဲခဲ သွားသယ်ရပါတယ်" ဟု ဦးတွိးဒိန်က ပြောသည်။

လတ်တလောအခြေနေကြောင့် ဝါးနက်ရုံရွာတွင် ကျား ၅၅ မ ၅၈၊ အောက်နဟန်းရွာတွင် ကျား ၉၄ မ ၉၈၊ ငဖရုံရွာတွင် ကျား ၂၄ မ ၂၂၊ သဖန်းရွာတွင် ကျား ၂၇၊ မ ၃၁၊ သရက်ဇိုင်းရွာ ကျား ၅၊ မ ၂- စုစုပေါင်း ၄၁၆ ဦး စားဝတ်နေရေးအခက်အခဲဖြစ်နေသလို ၎င်းတို့အထဲတွင် အသက် ၁၂ အောက် ကလေးသူငယ် ၄၉ ဦးရှိကြောင်း ဝါနက်ရုံရွာသား ဦးထွန်းမောင်ကပြောသည်။

လူမှုဝန်ထမ်းဌာန၊ ကြက်ခြေနီနှင့် ပုဂ္ဂလိက အလှူရှင်အချို့က ဆက်သွယ်လှူဒါန်းပေးသော်လည်း ခရီးလမ်း ခက်ခဲမှုကြောင့် လောက်ငှမှုမရှိပဲ အခက်အခဲများစွာ ရှိနေပြီး နောက်ထပ်အကူအညီမရပါက အခြေအနေ ပိုမိုးဆိုးရွားနိုင်ကြောင်း၊ လတ်တလော ဆန်၊ ဆီ၊ ဆားနှင့် အနွေးထည်၊ စောင်တို့ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

ယခုအခက်အခဲ ဖြစ်နေသော ကျေးရာ ၂၀ ခန့်ရှိပြီး ခမီနှင့် မြို တိုင်းရင်းသားတို့ နေထိုင်သော ကျေးရွာများဖြစ်သည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...