ရန်ကုန်သွား ဘင်္ဂလီ ၁၁ဦး အမ်းမြို့နယ်တွင် အဖမ်းခံရ

ရန်ကုန်သွား ဘင်္ဂလီ ၁၁ဦး အမ်းမြို့နယ်တွင် အဖမ်းခံရ

စစ်တွေမှ ရန်ကုန်သို့သွားသည့် မော်တော်ကား တစ်စီးပေါ်မှ ကျား ၉ ဦး၊ မ ၂ ဦး စုစုပေါင်း ဘင်္ဂါလီ ၁၁ ဦးအား ဇန်နဝါရီ ၂၃ ရက် ည ၁၀ နာရီ ၃၀ မိနစ် အချိန်တွင် သက်ဆိုင်ရာက ဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။

စစ်တွေမှ ရန်ကုန်သို့ မောင်နှင်လာသော ကားအမှတ် BGO 2B/2141 ခြောက်ဘီးယာဉ်အား အမ်းမြို့နယ်၊ ကံမြင့်ကန် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရာမှ ၎င်းဘင်္ဂါလီ ၁၁ဦးကို ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။

ကားယာဉ်မောင်း အောင်အောင်နှင့် ယာဉ်နောက်လိုက် မိုးအောင် တို့ မှာ ထွက်ပြေး လွတ်မြောက် သွားကြောင်း သိရသည်။

၎င်းတို့မှာ မြောက်ဦးမြို့နယ်မှ ၁၀ဦး၊ မင်းပြားမြို့နယ်မှ ၁ ဦး၊ စုစုပေါင်း ၁၁ဦး ဖြစ်ကြပြီး တစ်ဦးလျှင် ကျပ်၁၅ သိန်းစီ ရန်ကုန်သို့ ပို့ဆောင်ခပေးရသည်ဟု ကံမြင့်ကန်ဂိတ်မှ တာဝန်ရှိသူတစ်ဦးမှ နိရဉ္စရာသို့ ပြောကြားသည်။

အဖမ်းခံရသူများမှာ အိပ်ရှာဘာ(ခ)ချစ်မောင် (၂၀ ) နှစ်၊ မာမောက်စောရ်လောင်(ခ)မြင့်နိုင်(၂၀) နှစ်၊ နုရ်ဘီအာလောင် (၂၅ )၊ နုရ်မီယာ(ခ) မောင်စိုး (၂၅) နှစ်၊ မာချူးရူး (ခ)စိုးနိုင် (၁၇)၊ အာဒူလာင် (ခ)သိန်းရွှေ (၁၉)နှစ်၊ အာဘူနုရ်သူ(ခ)မောင်သန်းလှိုင် (၁၈) နှစ်၊ အဘူအာလောင် (ခ)ကျော်ဝင်းနိုင် (၁၇)၊ အဘူရှော်ရီ (၂၂ ) မရှောင်ဦးရာဘေကင်း (၁၉) နှစ် နှင့် မမိနာရာဘီဘီ(ခ) သဲသဲခိုင် (၂၈) နှစ်တို့ဖြစ်ကြသည်။

"မနေ့က ညနေ ၁၀နာရီ ခွဲတိတိ အချိန်မှာ ယာဉ်မောင်းအောင်အောင် မောင်းနှင်လာတဲ့ ခြောက်ဘီး ယာဉ်ပေါ်ကနေ ဖမ်းမိတာပါ။ သူတို့ ၁၁ ဦးကို ဆန်အိတ်တွေနဲ့ အတူ အထောက်အထားမဲ့ တင်ဆောင် လာတာပါ။ လဝကဥပဒေ နှင့် အရေးယူဆောင်ရွက်ထားတယ်"ဟု ၎င်းက ပြောကြားသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...