“အာရက္ခသို့….တမ်းခြင်း” ရခိုင်ကဗျာစာအုပ်မိတ်ဆက်ပွဲကျင်းပ

“အာရက္ခသို့….တမ်းခြင်း” ရခိုင်ကဗျာစာအုပ်မိတ်ဆက်ပွဲကျင်းပ

“အာရက္ခသို့….တမ်းခြင်း” ကလောင်စုံ ရခိုင်ကဗျာဖွဲ့စည်းမှု စာအုပ်သစ်မိတ်ဆက်ပွဲနှင့် စာပေအသိ ပညာပေးဆွေးနွေးပွဲ တစ်ခုကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အောင်မြေသာယာ ဘုရား၊ လေးဝတီ ရခိုင်ဓမ္မာရုံတွင် ဇန်နဝါရီ ၂၀ ရက် နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပွဲစီစဉ်သူ လူငယ်ရခိုင်ကဗျာဆရာ ဖဒူ သူရိန်က “စာအုပ်မိတ်ဆက်ပွဲနဲ့ စာပေ အသိပညာပေး ဆွေးနွေး ပွဲကိုပြုလုပ်ရခြင်းအကြောင်းက ကျွန်တော်တို့မှာ ရခိုင်ပြည်က ကဗျာဆရာ မျိုးဆက်သစ်တွေက သူတို့ရဲ့ ကဗျာတွေကို အွန်လိုင်းထဲမှာဘဲ ရေးနေတာတွေ့ရပါတယ်။ သူတို့တွေထဲက တစ်ချို့ ကဗျာဆရာ မျိုးဆက်သစ်တွေ ရေးတာ အရမ်းကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရခိုင်ပြည်မှာ စာအုပ်စာပေတွေ အထုတ်နည်းတော့ သူတို့တွေရဲ့ ကဗျာတွေက စာမျက်နှာပြင်ထက်ကို ရောက်လာကြဖို့ မလွယ်ပါဘူး။ အဲ့ဒါကြောင်း သူတို့တွေ စာမျက်နှာပြင်ထက်ကိုတက်ပြီး သူတို့ပေးလိုတဲ့ စာပေဗဟုသုတကို ပရိတ်သတ်ကို ပေးနိုင်အောင်၊ နောက်ပြီး စာပေမြင့်မှ လူမျိုးတင့်မည်ဆိုသလိုပေါ့ ရခိုင်စာပေဒီထက်မက တိုးတက်လာစေဖို့ ရည်ရွယ်ပြီး ဒီစာအုပ်ကို ထုတ်ဖြစ်တာပါ” ဟု ပြောသည်။

အဆိုပါအာရက္ခသို့တမ်းခြင်းရခိုင်ကဗျာစာအုပ်ကိုပထမဆုံးအကြိမ်ထုတ်ဝေခဲ့တာဖြစ်ကြောင်း၊ ရခိုင်ပြည်မှ ရခိုင်လူမျိုးများ အလုပ်ကိုင်ရှားပါးမှုကြောင်း မိမိ မိသားစုဝင်များနှင့်ခွဲခွာပြီးနိုင်ငံခြားရောက်သူရောက်၊ တခြား အလုပ်အကိုင်ရှိသည့် မြို့များသို့ သွားပြီး အလုပ်လုပ်နေကြရသည့် ရခိုင်သား/သူတွေ အတွက် ခံစားပြီး ရေးဖွဲ့ထားခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်မှာ ဖြစ်ပျက်နေသည့် အဖြစ်အပျက်တွေကို ခံစားရည်ရွယ်ပြီး ရေးခဲ့ကြခြင်း ဖြစ်ကြောင်း၊ လူငယ်ရခိုင်ကဗျာဆရာ ဖဒူသူရိန်က ဆက်လက် ပြောဆိုသည်။

အာရက္ခသို့တမ်းခြင်း ကလောင်စုံ ရခိုင်ကဗျာစုစည်းမှုစာအုပ်တွင် ကဗျာဆရာ ၁၂ ဦးမှ ပါဝင်ရေးသားထားသည်ဟု သိရသည်။

စာအုပ် မိတ်ဆက်ပွဲနှင့် အသိပညာပေးဆွေးနွေးပွဲကို နံနက် ၁၁ နာရီက စတင်ပြုလုပ်ပြီး ညနေ ၄ နာရီခန့်တွင်ပြီးဆုံးခဲ့ကြောင်း၊ထိုပွဲတွင်လူပေါင်း ၆၀ခန့် တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...