ဒုက္ခသည်အကျိုး ကာကွယ်ပေးသည့် ဥပဒေရှိသင့်

ဒုက္ခသည်အကျိုး ကာကွယ်ပေးသည့် ဥပဒေရှိသင့်

ဒုက္ခသည်များနေရပ်ပြန်လည်နေထိုင်မည့်သူများအတွက် ဒုက္ခသည်အကျိုးကာကွယ်ပေးသည့် ဥပဒေရှိသင့်သည်ဟု ရှားတောမြို့နယ် မဲဆန္ဒနယ်အမှတ်(၇) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်စိုးက ပြောသည်။

“ဒုက္ခသည်ပြန်လာဖို့ဆိုတာ ဥပဒေသတ်မှတ်ချက်တွေကဘယ်လိုရှိလဲ၊ သူတို့အခွင့်အရေးကာကွယ်ပေးဖို့၊ သူတို့ပြန်လာတဲ့အခါမှာနေရေးထိုင်ရေးစားရေးသောက်ရေးကအစ အဲဒီအချက်အလက်တွေလိုမယ်။” ဟု ဦးအောင်ကျော်စိုးက ပြောသည်။

မိမိဆန္ဒအလျောက် ပြန်အခြေချလိုသူအတွက် လာရောက်မေးမြန်းနိုင်သည့် နေရာ ရှားတောမြို့နယ် မဲဆန္ဒနယ်သည် ဒုက္ခသည်အများဆုံးပြောင်းရွှေ့ခံခဲ့ကြရသည့်နယ်မြေဖြစ်သည်။

ဒုက္ခသည်ပြန်လည်နေရာချထားရေးသည် ငြိမ်းချမ်းရေးနှင့်သက်ဆိုင်သည့်အတွက် ပါတီ၏မူဝါဒစည်းမျဉ်းစည်းကမ်းအရ လွှတ်တော်တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့်အကြောင်းအရာများကို မေးချင်သော်လည်း မေးခွင့် မရှိသေးကြောင်း ဦးအောင်ကျော်စိုးက ဆက်ပြောသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) နှင့် အစိုးရတို့ ပြည်နယ်အဆင့်ပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ်တွင်းမှာလည်း ဒုက္ခသည်ပြန်လည်နေရာချထားရေး ကိစ္စများဆောင်းရွက်ရန် ပါရှိထားပါသည်။

ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်နီဒုက္ခသည်များသည် တတိယနိုင်ငံသို့ သွားရောက်အခြေချသည့် အစီစဉ်တွင် ယခင်နှစ်မှ တရားဝင်ပိတ်လိုက်ပြီ ဖြစ်ပြီး ၎င်းလုပ်ငန်းထဲမှ ကျန်ရှိနေသေးသည့် လျှေက်ထားဆဲဖြစ်သည့်သူများအတွက်သာ ဆက်လက်လုပ်ဆောင်ပေး နေပါသည်။

ပိတ်လိုက်ပြီဟု ဆိုသော်လည်း တချို့ ပြန်လည် မေးမြန်မူတွေ လုပ်တာကို တွေ့ရသည်။ လျှောက်ထားပြီးသည့် သူများကို ပြန်လုပ်ဆောင်ပေးတာတွေရှိပြီး ကျကျန်ခဲ့ပြီးဆိုသည့် သူတွေကို အတွက်လည်း ပြန်လည်မေးမြန်းမူတွေ လုပ်နေပါသည်။

ယခင်က လုံးဝ မလျှောက်ထားဖူးသည့် သူတွေကို ခေါ်ဆိုပြီး မေးမြန်လုပ်ဆောင်ပေးနေတာကို ရှိသည်ဟုလည်း စခန်းထဲတွင် နေထိုင်သည့် အမျိုးသမီး တစ်ဦးဖြစ်သူ မော်နဲမယ်က ပြောပါသည်။

“လျှောက်ထားပြီးတဲ့ ကျမတို့တွေက သွားမေးမြန်းပြီးဆိုလို့ရှိရင် ကျကျန်ခဲ့ပြီ မရတော့ဘူး၊ အသစ်ထပ်လျှောက်ဖို့ လည်း မရတော့ဘူးလို့ပဲ ပြောတယ်။ ကျမအနေနဲ့ ပိတ်လိုက်ပြီဆိုတာ မယုံဘူးပေါ့နော်။ အစီစဉ်ပိတ်ပြီးဆိုရင် လျှောက်ထားပြီးသူတွေကော ကျကျန်သူတွေကော အသစ်လျှောက်လိုသူတွေကော ပြန်လည်ခေါ်ဆို မေးမြန်မူတွေ မလုပ်သင့်တောဘူး။”ဟု မော်နဲမယ်က ပြောသည်။

မိမိဆန္ဒအလျောက် ပြည်တွင်း ပြန်လည်နေရာချထားရေး အစီစဉ်ရှိသော်လည်း လာလျှောက်ထားသူမရှိပါ။

ပြည်တွင်းဘက် ပြန်လည်အခြေချရန်အတွက် လက်ရှိအခြေအနေမှာ ငြိမ်းချမ်းမူ လုံးဝမရှိသေးပါ။

လက်နက်ကိုင် အကြား ပဋိပက္ခာ အများကြီးရှိပါသေးသည်ဟု ကရင်နီဒုက္ခသည် စခန်းကော်မတီ ဥက္ကဌ မော်မိုးဘူးက ပြောပါသည်။

“ပြည်တွင်းဘက် ပြန်လည်နေရာ ချထားနဲ့ ပတ်သက်ပြီး လက်ရှိ နိုင်ငံဖြစ်စေအပေါ် အားလုံးသိပြီးသားပဲလေး။ ပြန်လည်နေရာချထားဖို့ ကျမအတွက်လည်း လုံးဝ အဆင်သင့်မရှိသေးဘူး။ အစိုးရဘက်ကတော့ ပြန်လည်နေရာချထားဖို့ အမြဲကြိုဆိုပါတယ်။ ဒါပေမယ့် ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးထားတာမျိုး မရှိသေးပါဘူး။” ဟု မော်မိုးဘူးက ပြောပါသည်။

KnRC (Karenni Refugee Council) ဘက်မှလည်း ပြန်လည်နေရာချထားရေးနှင့် ပတ်သက်ပြီး ကြိုတင်လေ့လာသည့် အဆင့်လောက်သာ လုပ်ပါသေးသည်။

“တကယ်လို့ ပြည်တွင်း အခြေအနေ တကယ်ငြိမ်းချမ်း ပြီးဆိုရင် ပြည်တွင်းမှာပဲ ပြန်နေချင် ဒါပေါ့။ ဒါပေမဲ့ လက်ရှိ ပြည်တွင်း အခြေအနေ မကောင်းသေးလို့ ထိုင်းနိုင်ငံမှာပဲ နေချင်သေးတယ်။” ဟု ကရင်နီပညာရေးဌာန လက်အောက်ရှိ ဝန်ထမ်းဖြစ်သူ ခူးမယ်ရယ်က ပြောသည်။

လက်ရှိအခြေအနေသည် တတိယနိုင်ငံသို့ သွားရောက် အခြေချနေထိုင်သည့် ကရင်နီဒုက္ခသည်များတွေ စုစုပေါင်း လူဦးရေ ၁၅၀၀၀ ကျော်ရှိပြီး စခန်းရှိ ကျန်ရှိနေသေးသည့် လူဦးရေဟာ ၉၁၀၀ ကျော်ရှိသည်ဟု သိရသည်။

May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...