ဘူးသီးတောင်တွင် ဖမ်းဆီးခံထားရသူ ၁၅ ဦးထဲမှ ၁၃ ဦးပြန်လွတ်မြောက်လာ

ဘူးသီးတောင်တွင် ဖမ်းဆီးခံထားရသူ ၁၅ ဦးထဲမှ ၁၃ ဦးပြန်လွတ်မြောက်လာ

စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသူ ၁၅ ဦးထဲမှ ၁၃ ဦးကို ဇန်နဝါရီ ၁၄ ရက်နေ့ ညနေ ၇ နာရီက ပြန်လည် လွတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။

လွတ်မြောက်လာသူ ၁၃ ဦးထဲတွင် ကယ်ဆယ်ရေး ပစ္စည်းလာယူ၍ ဖမ်းဆီးခံခဲ့ရသူ ပြင်ချောင်းရွာမှ လူငယ် ၇ ဦး၊ ကျောက်တော်နယ်မှ စက်လှေဖြင့် စပါးလာဝယ်သည့် လူငယ် ၃ ဦးနှင့် ရသေ့တောင်နှင့် ဘူးသီးတောင် ကားလမ်းပေါ်မှ ဖမ်းဆီးခြင်း ခံရသူ လူငယ် ၃ ဦးတို့ ဖြစ်ကြသည်။

“ သူတို့က မနေ့က ည ၇ နာရီလောက်မှာ ဘူးသီးတောင်ကို ရောက်လာပါတယ်။ ရန်အောင်မြေကျောင်းမှာ တစ်ညသိပ်တယ်။ ဒီကနေ့မှာတော့ ကားနဲ့သူတို့ရွာတွေကို လိုက်ပို့လိုက်ပါတယ်” ဟု ဘူးသီးတောင်မြို့နယ် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက နိရဉ္စရာသို့ ပြောကြားသည်။

မလွတ်မြောက်ဘဲ ကျန်နေခဲ့သူ၂ ဦးမှာ ဘူးသီးတောင်မြို့နယ်မှ သရက်ပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းလိူင်နှင့် ၎င်းရွာမှ လူငယ်တစ်ဦးဖြစ်သူ မောင်ကျော်ဝင်းတို့ ဖြစ်ကြသည်။

၎င်းတို့ ၁၅ ဦးကို ဇန်နဝါရီ ၁၃ ရက်နေ့က စစ်တပ်က ဘူးသီးတောင်သို့ ခေါ်ယူသွားပြီး နခစ (၃) စခန်းတွင် ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

“ ကျန်နေသေးတဲ့ သရက်ပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းလိူင်နဲ့ မောင်ကျော်ဝင်းတို့ ကိစ္စတို့ ဒီကနေ့ ဆက်လက် ဆောင်ရွက်ပါမယ်” ဟု ပြောဆိုသည်။

ရသေ့တောင်မြို့နယ် ကြိမ်သာရွာမှ ယမန်နေ့ နံနက်ကတည်းက တိုက်ပွဲကြားတွင် ညှပ်ပါသွား၍ စစ်တပ်မှ ဖမ်းဆီးခံထားရသူ ဦးမောင်စိန်ဦး (၅၅) နှစ်နှင့် ဦးစိန်သာကျော် (၆၀) နှစ်တို့မှာ ယနေ့နံနက် ၈ နာရီ ရောက်သည့် အချိန်ထိ လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဦးမောင်စိန်ဦးသမီးဖြစ်သူ မဖြူယေက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

(လွတ်မြောက်လာသူများနှင့် ဘူးသီးတောင်မြို့မှလူမှုရေးဆောင်ရွက်နေသူများနှင့်အတူ တွေ့ရစဉ်)

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...