RCSS နှင့် ငြိမ်းချမ်းရေး ကော်မရှင် တွေ့ဆုံ

RCSS နှင့် ငြိမ်းချမ်းရေး ကော်မရှင် တွေ့ဆုံ

ငြိမ်းချမ်းရေး တစ်စို့မှုများ အဖြေရှာရန်အတွက် အစိုးရ ငြိမ်းချမ်းရေးကော်မရှင် PC အတွင်းရေးမှုး ဦးခင်ဇော်ဦး ဦးဆောင်သည့် အဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဒုတိယ စစ်ဦးစီးချူပ် ဗိုလ်ချူပ် ဘောင်ခေး ဦးဆောင်သော အဖွဲ့တို့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇန္နဝါရီလ ၁၄ ရက်နေ့ ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် နှစ်ဖက် အလွတ်သဘော တွေ့ဆုံဆွေးနွေးနေကြသည်။

အစည်းအဝေးတွင် အစိုးရ နှင့် တစ်စို့မှု ဖြစ်နေသည့် ပစ်ခတ်တိုက်ခိုက်မှု  ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC ကိစ္စ အပါအဝင် ရှမ်းပြည်နယ်တွင် ဖြစ်ပွားနေသည့် ပစ်ခတ်တိုက်ခိုက်မှုကိစ္စများနှင့် ငြိမ်းချမ်းရေး ရှေ့ဆက်နိုင်မည့် နည်းလမ်းများကို အဖြေရှာ ဆွေးနွေးသွားကြမည်ဟုလည်း သိရသည်။

အစည်းအဝေးကို အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့မှ အတွင်းရေးမှူး အငြိမ်းစား ဒု ဗိုလ်ချူပ်ကြီး ဦးခင်ဇော်ဦး ၊ ဦးအောင်စိုး၊ ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ နှင့် ဦးကျော်လင်းဦး တို့ ပါဝင်တက် ရောက်နေသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS အဖွဲ့တွင် ဗိုလ်ချူပ် ဘောင်ခေး ဦးဆောင်၍  ဗိုလ်မှူးကြီး စိုင်းငင်း၊ စိုင်းလျန်း၊ ဗိုလ်မှူး စင်းသျှန်မိုင် တို့ တက်ရောက်သည်။

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC အဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့တို့သည်း ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့၌လည်း အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု တစ်ကြိမ် ပြုလုပ်ခဲ့ကြသည်။

June 13, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ အနောက်တောင်ဘက်အစွန်ဆုံးရှိ မိုင်းတုံမြို့နယ်တွင် စစ်တပ်၊ တရုတ်နှင့်...
June 12, 2026
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး စတင်ရန် ရက်ပိုင်းမျှသာ လိုအပ်တော့သည့် အချိန်တွင်...
June 11, 2026
စစ်တပ်က ကမ်းလှမ်းလာသည့် အားလုံးပါဝင်မှုမရှိဘဲ တော်လှန်ရေးအဖွဲ့အစည်းများကို တစ်ဖွဲ့ချင်းစီ...
June 10, 2026
ချင်းပြည်မြောက်ပိုင်း ဟားခါးနှင့် ထန်တလန်အကြားရှိ ဗျူဟာမြောက် C3 တောင်ကုန်းနေရာကို ချင်းတော်လှန်...