လက်နက်များနှင့်အတူ ပျောက်ဆုံးနေသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ဦး၏ အလောင်း ၅ ရက်ကြာမှ ပြန်တွေ့

လက်နက်များနှင့်အတူ ပျောက်ဆုံးနေသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ဦး၏ အလောင်း ၅ ရက်ကြာမှ ပြန်တွေ့

ရခိုင်ပြည်နယ် မောင်တောမြို့ နယ်စပ်တွင် ဒီဇင်ဘာ ၁၇ ရက်နေ့ကတည်းက လက်နက် ခဲယမ်း မီးကျောက်များနှင့်အတူ ပျောက်ဆုံးနေသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ အလောင်းကို ၅ ရက်အကြာ ဒီဇင်ဘာ ၂၁ ရက်နေ့မှ ဘင်္ဂလာဒေ့ရှ် နိုင်ငံ အတွင်း နယ်စပ်တွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။

၎င်းရဲတပ်သားမှာ အောင်ကျော်သက် ဖြစ်ပြီး မောင်တောမြို့နယ်၊ နယ်မြေ(၂)၊ နယ်စပ်ခြံစည်းရိုး မှတ်တိုင် (၄၁)နှင့် (၄၂)အကြားတွင် တစ်ခြား နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် အတူ လှည့်ကင်း ဆောင်ရွက်စဉ် တစ်ဖက်နိုင်ငံ နယ်စပ်မှ လက်နက်ကိုင် အဖွဲ့တစ်ခု၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ခံရကာ ၎င်းကိုင်ဆောင်သည့် BA-63 သေနတ်(၁)လက်၊ ၎င်းကျည်(၁၂၀)တောင့်နှင့် အတူ ဒီဇင်ဘာ ၁၇ ရက်နေ့ကတည်းက ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၂၁ ရက် နေ့လယ်တွင် တစ်ဖက်နိုင်ငံအတွင်းမှ နေရာယူ ပစ်ခတ်ခဲ့သည့် တောင်ကုန်း အနီးတွင် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်တို့ ပူးပေါင်း၍ နယ်မြေ ရှင်းလင်း ရှာဖွေခဲ့ရာ ရဲတပ်သား အောင်ကျော်သက်၏ မျက်နှာ၊ လက်မောင်းနှင့် ခြေထောက်တို့တွင် သေနတ် ထိမှန် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ရဲဇာနည် လူမူကွန်ယက် စာမျက်နာတွင် ဖော်ပြထားသည်။

အောင်ကျော်သက် အလောင်း၏ အောက်တွင် ဒေသန္တရလုပ်မိုင်းခလုတ်(၁)ခု၊ ပတ်ဝန်းကျင်တွင် ပစ်ခတ်ရန် နေရာယူတူးထားသည့် ပစ်ကျင်းများနှင့် အတူ တစ်ဖက်နိုင်ငံထုတ် POPS တံဆိပ်ပါ ဘီစကွတ် မုန့်ထုပ်အခွံ (၂)ခုနှင့် အတူ MA-11နှင့် MA-12 ကျည်ခွံ(၁၇)တောင့်တို့အား တွေ့ရှိ သိမ်းဆည်း ရရှိ ခဲ့ကြောင်းဖြင့်လည်း ရဲဇာနည်တွင် သတင်း ဖော်ပြထားသည်။

၎င်းနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်၏ အလောင်းအားမြန်မာနိုင်ငံဘက်သို့ ပြန်လည် သယ်ဆောင်၍ ၎င်းနေ့ ညနေ(၄)နာရီတွင် မြေမြုပ်သြင်္ဂိုလ်ခဲ့ကြောင်း သိရသည်။

၎င်းဖြစ်စဉ်တွင် တစ်ခြား ရဲတပ်သားတစ်ဦး၏ ဝဲနောက်ကျောမှ ကျည်ဖောက်ဝင်၍ ရှေ့ဝမ်းဗိုက် ဖောက်ထွက်ဒဏ်ရာရရှိခဲ့ပြီး မောင်တောဆေးရုံသို့ တင်ပို့ခဲ့ရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်ဇူနယ်မြေရဲစခန်း(ပ)၁၅/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂/၃၀၇ ဖြင့်အမှုဖွင့်လှစ်၍ ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းသတင်းရရှိသည်။

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...