ပထမဆုံး ကချင်စစ်ရှောင် မိသားစု ၁၇စု နေရပ်ပြန်

ပထမဆုံး ကချင်စစ်ရှောင် မိသားစု ၁၇စု နေရပ်ပြန်
Nam San Yang ကားဂိတ်၊ ဝိုင်းမော်မြို့နယ်၊ ကချင်ပြည်နယ်
Nam San Yang ကားဂိတ်၊ ဝိုင်းမော်မြို့နယ်၊ ကချင်ပြည်နယ်

အစိုးရထိန်းချုပ်မှုအောက် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသော ပထမဆုံး ဝိုင်းမော်မြို့နယ် နန့်ဆမ်ယန် (Nam San Yang) ကျေးရွာ စစ်ရှောင် မိသားစု ၁၇ စု သည် ယနေ့ ဒီဇင်ဘာလ ၁၉ တွင် နေရပ်ပြန်သွားကြ ပြီဖြစ်သည်။

မြန်မာအစိုးရ၏ စက်တင်ဘာ ၁၁ ရက်နေ့ အတည်ပြုသော မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေ အရ တိုက်ပွဲကြောင့် စွန့်ပစ်ထားသော ၎င်းတို့ မြေယာခြံများ အစိုးရ သိမ်းယူမည်ကို စိုးရိမ်သောကြောင့် မြစ်ကြီးနား နှင့် ဝိုင်းမော် ရှိ Nam San Yang စစ်ရှောင် မိသားစုများ နေရပ်ပြန်သွားခြင်း ဖြစ်သည်ဟု ဦးဆောင်သူ Slg. Brang Li ယခုလို ကချင်သတင်းဌာန KNG ကို ပြောပါသည်။

“ရွာကိုပြစ်ထားတာလည်းကြာပြီ။ အခုဆိုရင် စစ်ရှောင်ပြည်သူတွေက မြေယာဥပဒေ အသစ်နဲ့ လယ်ယာမြေများ ဆုံးရှုံးမှာကြောက်နေကြပြီ။ အစိုးရက အသစ်ထုတ်ပြန်ထားသော လယ်ယာမြေ ဥပဒေကြောင့် သူတို့ လယ်ယာမြေများကို မတရားသိမ်းယူမှာ စိုးရိမ်နေကြတယ်။ နန်ဆမ်ယန်ဆို ပိုဆိုးတယ်။ အားလုံးနဲ့ ဆက်သွယ်နေတဲ့ လမ်းမကြီးပေါ်မှာရှိနေတော့ အစစအရာရာ စိုးရိမ်ရတယ်။ အဲ့ကြောင့် ရွာကို တရားဝင် အိမ်ထောင်မိသားစု ၁၇ စုက ပြန်ပြီဖြစ်တယ်။”

တိုက်ပွဲကြောင့် ဒေသခံပြည်သူများ စွန့်ခွာထားသော Nam San Yang ကျေးရွာကို ပြန်လည်ထူထောင် ရန်အတွက် နိုဝင်ဘာ ၁၁ရက်နေ့တွင် သက်ဆိုင်ရာ ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူများ အသီးသီးသို့ စာတင်ပြ တောင်းဆိုခဲ့ကြောင်းကို လူမှုကူညီရေးလှုပ်ရှားသူ ကချင်အနုပညာရှင်ကြီး Slg. Hpaula Gam Hpang က ကချင်သတင်းဌာန KNG ကို ယခုလို ရှင်းပြသည်။

“ကျနော်တို့က နန့်ဆမ်ယန် စစ်ရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရန်အတွက် အစိုးရကို စာတင်ပြခဲ့တယ်။ နိုဝင်ဘာ ၁၄ရက်မှာ ကျနော့်ကို ခေါ်ဆွေးနွေးတယ်။ အခြေအနေအဖြစ်မှန်ကို ပြောပြတော့ ခွင့်ပြုချက်ရခဲ့တယ်။ ဒါပေမယ့် နယ်လုံဝန်ကြီးက သူတို့ဘက်က စည်းကမ်းချက်တွေ ပြန်လည် ထုတ်ပေးမယ်လို့ ပြောခဲ့တယ်။”

ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး သစ် ဗိုလ်မှူးကြီး နေလင်းထွန်း က မိသားစု ၁၇စု နေရပ်ပြန်နိုင်ရန်အတွက် လိုအပ်သော လုံခြုံရေးပိုင်းနှင့် အစားအသောက်များ ကို ကူညီဆောင်ရွက်ပေးမည်ဟု ကတိပြုထားကြောင်း သူက ဆက်ဆိုသည်။

ယခု Nam San Yang စစ်ရှောင် မိသားစု ၁၇စု မှ လူ ၅၇ဦး ကိုသာ ပထမအကြိမ် ပြန်ခိုင်းမည်ဖြစ်သဖြင့် အများစု ကျန်ရှိနေသေးသော စစ်ရှောင်များကိုလည်း စာရင်း အတိကျကောက်ယူပြီး အမြန်ဆုံး နေရပ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုသိရသည်။

မြစ်ကြီးနာ-ဗန်းမော်လမ်းမပေါ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO လိုင်ဇာမြို့ ဝင်ပေါက်၌ရှိသော အိမ်ခြေ ၂၀၀၀ ခန့်ရှိ Nam San Yang ကျေးရွာကို ၂၀၁၁ ဇွန်လ ၉ ရက်နေ့ အစိုးရတပ် နှင့် KIO တကျော့ပြန် တိုက်ပွဲ ဖြစ်ပွားလာပြီးနောက် ရွာထဲတိုက်ပွဲကြောင့် စွန့်ပစ်ထားရခြင်းဖြစ်သည်။

Most read this week

မြေမြှုပ်မိုင်းပုံ / Crd
September 8, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်အတွင်း မြေမြှုပ်မိုင်းများကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၅ ဦးအထိ...
September 8, 2026
မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် ရေယာဉ်အုပ်စုပါ ဖလပ်သံ ခွန် ၂၈...
September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...