ပထမဆုံး ကချင်စစ်ရှောင် မိသားစု ၁၇စု နေရပ်ပြန်

ပထမဆုံး ကချင်စစ်ရှောင် မိသားစု ၁၇စု နေရပ်ပြန်
Nam San Yang ကားဂိတ်၊ ဝိုင်းမော်မြို့နယ်၊ ကချင်ပြည်နယ်
Nam San Yang ကားဂိတ်၊ ဝိုင်းမော်မြို့နယ်၊ ကချင်ပြည်နယ်

အစိုးရထိန်းချုပ်မှုအောက် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသော ပထမဆုံး ဝိုင်းမော်မြို့နယ် နန့်ဆမ်ယန် (Nam San Yang) ကျေးရွာ စစ်ရှောင် မိသားစု ၁၇ စု သည် ယနေ့ ဒီဇင်ဘာလ ၁၉ တွင် နေရပ်ပြန်သွားကြ ပြီဖြစ်သည်။

မြန်မာအစိုးရ၏ စက်တင်ဘာ ၁၁ ရက်နေ့ အတည်ပြုသော မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေ အရ တိုက်ပွဲကြောင့် စွန့်ပစ်ထားသော ၎င်းတို့ မြေယာခြံများ အစိုးရ သိမ်းယူမည်ကို စိုးရိမ်သောကြောင့် မြစ်ကြီးနား နှင့် ဝိုင်းမော် ရှိ Nam San Yang စစ်ရှောင် မိသားစုများ နေရပ်ပြန်သွားခြင်း ဖြစ်သည်ဟု ဦးဆောင်သူ Slg. Brang Li ယခုလို ကချင်သတင်းဌာန KNG ကို ပြောပါသည်။

“ရွာကိုပြစ်ထားတာလည်းကြာပြီ။ အခုဆိုရင် စစ်ရှောင်ပြည်သူတွေက မြေယာဥပဒေ အသစ်နဲ့ လယ်ယာမြေများ ဆုံးရှုံးမှာကြောက်နေကြပြီ။ အစိုးရက အသစ်ထုတ်ပြန်ထားသော လယ်ယာမြေ ဥပဒေကြောင့် သူတို့ လယ်ယာမြေများကို မတရားသိမ်းယူမှာ စိုးရိမ်နေကြတယ်။ နန်ဆမ်ယန်ဆို ပိုဆိုးတယ်။ အားလုံးနဲ့ ဆက်သွယ်နေတဲ့ လမ်းမကြီးပေါ်မှာရှိနေတော့ အစစအရာရာ စိုးရိမ်ရတယ်။ အဲ့ကြောင့် ရွာကို တရားဝင် အိမ်ထောင်မိသားစု ၁၇ စုက ပြန်ပြီဖြစ်တယ်။”

တိုက်ပွဲကြောင့် ဒေသခံပြည်သူများ စွန့်ခွာထားသော Nam San Yang ကျေးရွာကို ပြန်လည်ထူထောင် ရန်အတွက် နိုဝင်ဘာ ၁၁ရက်နေ့တွင် သက်ဆိုင်ရာ ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူများ အသီးသီးသို့ စာတင်ပြ တောင်းဆိုခဲ့ကြောင်းကို လူမှုကူညီရေးလှုပ်ရှားသူ ကချင်အနုပညာရှင်ကြီး Slg. Hpaula Gam Hpang က ကချင်သတင်းဌာန KNG ကို ယခုလို ရှင်းပြသည်။

“ကျနော်တို့က နန့်ဆမ်ယန် စစ်ရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရန်အတွက် အစိုးရကို စာတင်ပြခဲ့တယ်။ နိုဝင်ဘာ ၁၄ရက်မှာ ကျနော့်ကို ခေါ်ဆွေးနွေးတယ်။ အခြေအနေအဖြစ်မှန်ကို ပြောပြတော့ ခွင့်ပြုချက်ရခဲ့တယ်။ ဒါပေမယ့် နယ်လုံဝန်ကြီးက သူတို့ဘက်က စည်းကမ်းချက်တွေ ပြန်လည် ထုတ်ပေးမယ်လို့ ပြောခဲ့တယ်။”

ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး သစ် ဗိုလ်မှူးကြီး နေလင်းထွန်း က မိသားစု ၁၇စု နေရပ်ပြန်နိုင်ရန်အတွက် လိုအပ်သော လုံခြုံရေးပိုင်းနှင့် အစားအသောက်များ ကို ကူညီဆောင်ရွက်ပေးမည်ဟု ကတိပြုထားကြောင်း သူက ဆက်ဆိုသည်။

ယခု Nam San Yang စစ်ရှောင် မိသားစု ၁၇စု မှ လူ ၅၇ဦး ကိုသာ ပထမအကြိမ် ပြန်ခိုင်းမည်ဖြစ်သဖြင့် အများစု ကျန်ရှိနေသေးသော စစ်ရှောင်များကိုလည်း စာရင်း အတိကျကောက်ယူပြီး အမြန်ဆုံး နေရပ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုသိရသည်။

မြစ်ကြီးနာ-ဗန်းမော်လမ်းမပေါ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO လိုင်ဇာမြို့ ဝင်ပေါက်၌ရှိသော အိမ်ခြေ ၂၀၀၀ ခန့်ရှိ Nam San Yang ကျေးရွာကို ၂၀၁၁ ဇွန်လ ၉ ရက်နေ့ အစိုးရတပ် နှင့် KIO တကျော့ပြန် တိုက်ပွဲ ဖြစ်ပွားလာပြီးနောက် ရွာထဲတိုက်ပွဲကြောင့် စွန့်ပစ်ထားရခြင်းဖြစ်သည်။

ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...
January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...