ငြိမ်းစုစီ ပုဒ်မ ၁၉နှင့် စွပ်စွဲခံရသော ကချင်လူငယ် ခေါင်းဆောင် ၃ဦး အာမခံခွင့် ရ

ငြိမ်းစုစီ ပုဒ်မ ၁၉နှင့် စွပ်စွဲခံရသော ကချင်လူငယ် ခေါင်းဆောင် ၃ဦး အာမခံခွင့် ရ

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ ပုဒ်မ (၁၉)နှင့် တရားစွဲခံရသော ကချင် လူငယ် ဆန္ဒပြ ခေါင်းဆောင် ၃ဦးကို ဒီဇင်ဘာ ၁၀ ရက် ယနေ့ မြစ်ကြီးနားမြို့နယ် တရားရုံးက အာမခံ ခွင့် ပေးလိုက်ပါသည်။

ဒီဇင်ဘာလ ၇ရက်နေ့တွင် ကချင်ဆန္ဒပြ လူငယ်ခေါင်းဆောင် ၃ဦးကို မြို့နယ် တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခဲ့သည့်အပေါ် ကျေနပ်မှုမရှိသည့်အတွက် Shy. Sut Seng Htoi (မ ဆွတ်ဆိုင်းထွယ်)၊ ရှေ့နေ Seng Hkum Awng (ဆိုင်းခွမ်အောင်)၊ ဓမ္မဆရာ Brang Mai (ဘရန်မိုင်) တို့ ဦးဆောင်ပြီး တရားရုံးမှ မနောကွင်းအထိ ဆန္ဒပြခဲ့သောကြောင့် စွဲချက် တင်ခြင်းဖြစ်ပါကြောင်း မြစ်ကြီးနား မြို့နယ်ရဲမှူး ဦးမြင့်မိုး က ပြောသည်။

ကချင်ပြည်နယ် တိုက်ပွဲနယ်မြေအတွင်း ပိတ်မိပြည်သူများလွတ်မြောက်လာရန်ကြိုးပမ်းခဲ့သည့် လူငယ်ခေါင်းဆောင် ၃ဦးကို တရားမျှတမှု မရှိဘဲ ပြင်းထန်စွာ ပြစ်ဒဏ်ချမှတ်ခဲ့သည့်အပါ် လက်ခံကျေနပ်မှုမရှိသည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအရ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲခံရသူ ၃ဦးအနက် ဆွတ်ဆိုင်းထွယ် က ယခုလို ဆိုသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး အမှန်တော့ တရားလိုလုပ်ပြီး စွဲချက်တောင်တင်စရာမလိုပါဘူးလို့မြင်တယ်။ ကျမတို့နိုင်ငံက ဒီမိုကရေစီနိုင်ငံ ဖြစ်တဲ့အတွက် လူတိုင်းမှာ လွတ်လပ်စွာထုတ်ဖော် ပြောဆိုပိုင်ခွင့်ရှိတယ်။ ပြီးရင်နိုင်ငံတော်ရဲ့အကျိုးကို ထိခိုက်အောင်ရည်ရွယ်ပြီးလုပ်တာမဟုတ်ဘူး။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ဖော်ပြထားတယ်။ ကိုယ့်ရဲ့ဆန္ဒကိုငြိမ်းချမ်းစွာ ထုတ်ဖော်ပြတာပါ။ ကြီးတဲ့အမှုငယ်စေ။ ငယ်တဲ့အမှုပပျောက်စေဆိုတဲ့အချက်တွေရှိတဲ့အတွက် တာဝန်ရှိတဲ့သူတွေကို အလေးထားပြီး ဆောင်ရွက်ခိုင်းစေချင်ပါတယ်။”

ယနေ့ ရုံးချိန်းတွင် စွပ်စွဲခံ ၃ဦးသည် အာမခံရရှိထားပြီး နောက်ထပ်ရုံးချိန်းကို ဒီဇင်ဘာ ၁၃ရက်နေ့ သတ်မှတ်ထားသည်။

ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...
September 10, 2026
ကချင်ပြည်၊ ရွှေကူမြို့တွင် ကမ်းကပ်ထားသည့် စစ်အုပ်စုတပ်၏ ဒုတိယအကြိမ် ဧရာဝတီရေကြောင်း စစ်ကြောင်းမှ...
မြေမြှုပ်မိုင်းပုံ / Crd
September 8, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်အတွင်း မြေမြှုပ်မိုင်းများကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၅ ဦးအထိ...
September 8, 2026
မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် ရေယာဉ်အုပ်စုပါ ဖလပ်သံ ခွန် ၂၈...