Kachin State Party အမည်နှင့်မှတ်ပုံတင်ခြင်း ရွေးကောက်ပွဲ ကော်မရှင် ခွင့် မပြု

Kachin State Party အမည်နှင့်မှတ်ပုံတင်ခြင်း ရွေးကောက်ပွဲ ကော်မရှင် ခွင့် မပြု

ကချင်ပေါင်းစည်းရေးပါတီများ၏ အတည်ပြုထားသော ‘Kachin State Party’ အမည်ဖြင့် မှတ်ပုံတင်ရန် ကော်မရှင် ခွင့်မပြုသောကြောင့် ၃ပါတီ ခေါင်းဆောင်များက ပါတီအမည် အပြောင်းအလဲ ပြုလုပ်ရကြောင်း သိရသည်။

သြဂုတ်လ ၁၁ရက်နေ့တွင် ကော်မတီအဖွဲ့ဝင် ၁၇ဦးပါဝင်ပြီး အတည်ပြုထားသော ‘Kachin State Party’ အမည်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC)မှ ၎င်းအမည်သည် ‘ပြည်သူတွေကြား အငြင်းပွားဖွယ်များ ရှိလာစေနိုင်သည်’ ဟု ပြောဆိုလာသောကြောင့် ပါတီအမည်ကို ပြန်လည်ရွေးချယ်လိုက်ခြင်းဖြစ်သည်ဟု ကချင်ဒီမိုကရက်တစ်ပါတီ KDP ဥက္ကဌ ဦး Gumgrawng Awng Hkam က ပြောဆိုသည်။

“ကျနော်တို့အတည်ပြုထားတဲ့ ပါတီအမည်ကို ရွေးကောက်ပွဲကော်မရှင်ကိုတင်ပြတဲ့အခါ ဆုံးဖြတ်ချက်ချပေးဖို့ ခက်တယ်လို့ပြောလာပါတယ်။ သူတို့က ‘State Party’ ကိုဘဲမသုံးခိုင်းစေချင်ဘူး။ ပြီးရင်ပြည်သူတွေကြား အငြင်းပွားဖွယ်များလည်းရှိလာနိုင်တယ်လို့ ပြောဆိုလာတယ်။ ပါတီအမည်သစ်ကို ပြန်လည်ရွေးချယ်ခိုင်းတဲ့ သဘောပေါ့။ ဒါကြောင့် ကျနော်တို့ ၃ပါတီက အစည်းအဝေးပြန်ထိုင်ပြီး ပါတီအမည်သစ်ကို ပြန်လည် ရွေးချယ်လိုက်ပါပြီ” ဟု ပြောဆိုသည်။

‘Kachin State Party’ ပါတီအမည်ကို ဖျက်သိမ်းရန်အတွက် ကချင်ဒီမိုကရက်တစ်ပါတီ KDP၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ KSDP၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကချင်ပြည်နယ် UDPKS ၃ပါတီမှ ဒီဇင်ဘာလ ၈ရက်နေ့တွင် KSDP ရုံးတွင် ပါတီအမည်သစ်ကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

‘ကချင်ပြည်နယ် ပြည်သူ့ပါတီ’ (Kachin State People’s Party) ဟု ထပ်မံရွေးချယ်လိုက်ပြီး အလံ နှင့် တံဆိတ်ကို နဂိုမူလအတိုင်း ကော်မတီ ၁၇ဦးမှ သဘောတူထားသော အတိုင်းအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

‘ကချင်ပြည်နယ် ပြည်သူ့ပါတီ’ (KSPP) ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ ထပ်မံ တင်ပြသောအခါ ပြန်လည်အဆင်မပြေမှုရှိလာပါက ဒုတိယ အမည်အဖြစ် ‘Kachin Federal Party’ ကို ယာထားခြင်းဖြစ်သည်ဟု ဦး Gumrawng Awng Hkam ကဆိုသည်။

ထိုပါတီအမည်အသစ်ကို ရွေးကောက်ပွဲကော်မရှင်ရုံး(UEU)သို့ ဒီဇင်ဘာလ ၁၁ရက်နေ့တွင် ရှေ့နေ Doi Bu က သွားရောက်တင်ပြမည်ဖြစ်ပြီး လက်ရှိမှာတော့ ‘Kachin State Party’ ယာယီအဖြစ် အသုံးပြုနေဆဲဖြစ်သည်။

ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...
September 10, 2026
ကချင်ပြည်၊ ရွှေကူမြို့တွင် ကမ်းကပ်ထားသည့် စစ်အုပ်စုတပ်၏ ဒုတိယအကြိမ် ဧရာဝတီရေကြောင်း စစ်ကြောင်းမှ...