သမိုင်းဝင် ဆံတော်ရှင်ဘုရားပွဲတော်ကြီး ဒီဇင်ဘာ ၁၆ ရက်မှ စတင်ကျင်းပမည်

သမိုင်းဝင် ဆံတော်ရှင်ဘုရားပွဲတော်ကြီး ဒီဇင်ဘာ ၁၆ ရက်မှ စတင်ကျင်းပမည်

ရခိုင်ပြည်နယ်မှ အစည်ကားဆုံး ဘုရားပွဲတော် တစ်ခုဖြစ်သော သမိုင်းဝင် ဆံတော်ရှင်ဘုရားပွဲကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်ပြီး ရှစ်ရက်တိုင်တိုင် ကျင်းပ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ဆံတော်ရှင်ဘုရားပွဲတော်ကို ဒီဇင်ဘာ ၁၆ ရက်(နတ်တော်လဆန်း ၉ ရက်)မှ ဒီဇင်ဘာ ၂၃ ရက် (နတ်တော်လပြည့်ကျော် ၁ ရက်)နေ့အထိ (၈)ရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးရွှေဖော်သူက ပြောသည်။

"ကျနော်တို့အနေနဲ့ လုံခြုံရေးတွေအပါအဝင် ရေလမ်း၊ တောင်ကျော်လမ်းကိုသွားတဲ့နေရာတွေမှာ၊ နောက်ပြီး ဘုရားဖူးတဲ့နေရာတွေမှာပါ အဆင်ပြေချောမွေ့အောင် ကျနော်တို့ စီစဉ် ဆောင်ရွက်ပေးထားတယ်လို့ပဲ ပွဲတော်လာမယ့်ပရိသတ်တွေကို ပြောချင်ပါတယ်"ဟု ဦးရွှေဖော်သူက ပြောသည်။

အဆိုပါဘုရားပွဲတွင် ပျော်ပွဲရွှင်ပွဲများကိုထည့်သွင်းကျင်းပသွားမည်မဟုတ်သော်လည်း ညပွဲအဖြစ် အဆင့်မြင့်ဇာတ်သဘင်တို့မှ ကပြ ဖြေဖျော်သွားမည်ဖြစ်ကြောင်း ဦးရွှေဖော်သူက ဆိုသည်။

ဆံတော်ရှင်ဘုရားသည် ပေါက်တောမြို့နယ် မြေငူကျွန်းရှိ နိလာပဗ္ဗတတောင်တော်ပေါ်တွင် ကိန်းဝပ်နေသည့် သမိုင်းဝင်စေတီတော်တစ်ဆူဖြစ်ပြီး ဘုရားရှင်၏ ဆံတော်ဓာတ်ကို ဌာပနာထည့်သွင်း တည်ထားတော်မူသည့် စေတီတစ်ဆူဖြစ်ကြောင်း ရခိုင်သမိုင်းမှတ်တမ်းများအရ သိရသည်။

April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...