စစ်တွေဆန္ဒဖော်ထုတ်ပွဲခွင့်ပြုချက်တင်သူ အမျိုးသမီးကို အမှုဖွင့်ရန် ပြည်နယ်ဝန်ကြီးတစ်ဦးက ညွှန်ကြားခဲ့ဟုဆို

စစ်တွေဆန္ဒဖော်ထုတ်ပွဲခွင့်ပြုချက်တင်သူ အမျိုးသမီးကို အမှုဖွင့်ရန် ပြည်နယ်ဝန်ကြီးတစ်ဦးက ညွှန်ကြားခဲ့ဟုဆို

စစ်တွေမြို့တွင် စက်တင်ဘာလ ၂၅ ရက်နေ့က ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်ဖော်ပွဲ ပြုလုပ်ရန် ခွင့်ပြုချက်တင်ခဲ့သူ အမျိုးသမီးကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦးမှ အမှုဖွင့်ရန် ညွှန်ကြားခဲ့သည်ဟု သတင်းရရှိသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြည်နယ် အစိုးရအဖွဲ့ဝင် နယ်လုံဝန်ကြီး ၏ ညွှန်ကြားချက်အရ အမှုဖွင့်ရခြင်းဖြစ်ကြောင်း၊ အောက်ခြေအဆင့် တာဝန်ရှိသူများအနေဖြင့် ၎င်းတို့သဘောဖြင့် အမှုဖွင့်၍ မရကြောင်း နိရဉ္စရာ သတင်းဌာနမှ ဆက်သွယ်မေးမြန်းစဉ် ပြောဆိုသည်။

အမှုဖွင့်ခံရသူမှာ ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုမိန့်လျှောက်ထားသူ ဒေါ်အေးသီတာဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်နေ့က ပြုလုပ်သည့် ဆန္ဒဖော်ထုတ်ပွဲတွင် ခွင့်ပြုချက်တွင် မပါဝင်သည့် အသံချဲ့စက်အား အသုံးပြုသည်ဟု ဆိုကာ အမှုဖွင့်ခံရခြင်း ဖြစ်သည်။

“ ဆန္ဒပြရာမှာ စပီကာအသံချဲ့စက် မသုံးရဆိုပြီးတော့ အမှုဖွင့်ထားတာပါ။ ကျမတို့ကလည်းစပီကာ မသုံးခဲ့ပါဘူး။ ၁ ပေခွဲ ဆောင်းဘောက်လေးကို သုံးခဲ့တာပါ။ ဒါကို ဆန္ဒပြတဲ့အခါ ခွင့်ပြုမိန့်မှာ မပါဘူး ဆိုပါတယ်။ ဒါကြောင့်ပါတဲ့ အမှုဖွင့်တာ။ ငြိမ်းစုစီဥပဒေပုဒ်မ (၂၀)နဲ့ပါ ” ဟု ၎င်းက ပြောသည်။

ယင်းသို့ အမှုဖွင့်ထားကြောင်းကို ရဲစခန်းသို့ ယမန်နေ့က သွားရောက်စုံစမ်းရာမှ တစ်ဆင့် သိခဲ့ရသည်ဟု သူမက ဆိုသည်။

“၂၅ ရက်နေ့ကတည်းက အမှုဖွင့်ထားတာလို့ သိရပါတယ်။ အမှုဖွင့်ထားတယ်ဆိုတာကို အဒေါ့်ကို အကြောင်းကြားခဲ့တာမဟုတ်ဘူး။ အမှုဖွင့်ထားတယ်လို့ သတင်းထွက်နေတဲ့အတွက် မြို့မရဲစခန်းမှာ မနေ့က စုံစမ်းခဲ့ပါတယ်။ မြို့မစခန်းက မှန်တယ်လို့ပြောတော့ အမှတ်(၂) ရဲစခန်းကို ထပ်မံ သွားရောက် ခဲ့ပါတယ်။ အမှတ် ၂ စခန်းမှူးကလည်း အမှုဖွင့်တာမှန်တယ်လို့ အတည်ပြု ပြောကြားပါတယ်”ဟု ဒေါ်အေးသီတာက ပြောသည်။

စစ်တွေ အမှတ် (၂) ရဲစခန်းမှ ဒေါ်အေးသီတာ၏ မှတ်ပုံတင်နံပတ်၊ နေရပ်လိပ်စာနှင့် ကိုယ်ရေးအကျဉ်း တို့ကို မှတ်တမ်းအဖြစ် ယူထားလိုက်သည်ဟုဆိုသည်။

” ရဲကခေါ်တာကတော့ မြို့နယ်အုပ်ချုပ်ရေးမှူး က အမှုဖွင့်ခိုင်းတဲ့အတွက် အမှုဖွင့်ရတာပါလို့ ပြောပါတယ်။ ကျမတို့ မနေ့က အမှတ် ၂ စခန်းမှာ သွားတွေ့ခဲ့ပါတယ်။ ရုံးတင်ဖို့/ မတင်ဖို့ကတော့ ကျမတို့မသိသေးပါဘူး” ဟု သူမက ပြောကြားသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဒေသခံ ၂၀၀ ကျော်က မောင်တောခရိုင်၌ မူဆလင်လူငယ်များအား ကျောင်းဆရာခန့်အပ်မှု၊မောင်တောတောင်ပိုင်း၌ ဘင်္ဂါလီများကို မထားရှိရေး၊ ကမန်အတုဘင်္ဂါလီများကို နိုင်ငံသားကတ်ထုတ်ပေးခြင်းနှင့်ပတ်သက်ပြီး ကန့်ကွက် ချီတက် ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့သည်။

(ဓာတ်ပုံ- နိုဝင်ဘာ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သည့် စစ်တွေ ဆန္ဒဖော်ထုတ်ပွဲ)

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...