ကချင်လူမျိုး အမည် ကိစ္စ္စ မျိုးနွယ်စု အားလုံးနှင့် ရေးရာကော်မတီ တွေ့ဆုံ

ကချင်လူမျိုး အမည် ကိစ္စ္စ မျိုးနွယ်စု အားလုံးနှင့် ရေးရာကော်မတီ တွေ့ဆုံ

ကချင်နှင့် ဂျိန်းဖော့ ကို ပေါင်းပြီး ‘ဂျိန်းဖော့’ ဟု သတ်မှတ်သည် ဆိုသည့် ကိစ္စအား ပယ်ဖျက်ပေးရန် တောင်းဆိုထားခြင်းနှင့်ပတ်သက်ပြီး ကချင်ပြည်နယ်လွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီအဖွဲ့ဝင်များ အနေဖြင့် ကချင် မျိုးနွယ်စုဝင် အားလုံး ကို တွေ့ဆုံခဲ့ကြပြီဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ ကချင်ပြည်နယ်လွှတ်တော် တိုင်းရင်းသားရေးရာ ဆိုင်ရာကော်မတီအနေနဲ့ ကချင်ပြည်နယ် တိုင်းရင်းသားတွေရဲ့ အခြေအနေကို သိထားဖို့ရယ်၊ နောက်တစ်ခုက ကျနော်တို့ အနေနဲ့ ကူညီနိုင်ရင် ကူညီလို့ရအောင်ဆိုပြီး လုပ်ခဲ့ခြင်းဖြစ်တယ်” ဟု တိုင်းရင်းသားလူမျိုးရေးဆိုင်ရာ ဥက္ကဌ လွှတ်တော်ကိုယ်စားလှယ် ဦး Naw Li က ယခုလိုပြောသည်။

ကချင်အထဲ ဂျိန်းဖော့ တစ်မျိုးတည်း ပါဝင်သည်ဆိုသည့် အကြောင်းအရာကို ပယ်ဖျက်ပေးရန် ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့ကိုယ်စားလှယ်၊ တိုင်းရင်းသားမျိုးနွယ်စုဝင် (၆)မျိုးမှ ကိုယ်စားလှယ်များ၊ KBC မှဘာသာရေး ကိုယ်စားလှယ်များ၊ ကချင်လူမူအရပ်ဘက်အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ စုစုပေါင်းကိုယ်စားလှယ် (၁၆) ဦးတို့ လက်မှတ်ရေးထိုးကာ သြဂုတ်လ (၂၈)ရက်နေ့ ပြည်ထောင်စု အစိုးရထံ တင်ပြခဲ့ပြီးနောက် ယခုလို ပြုလုပ်လာရခြင်း ဖြစ်သည်ဟု သိရပါသည်။

ထို့ကြောင့် ပြည်နယ်တိုင်းရင်းသားရေးရာကော်မတီမှ လော်ဝေါ်၊ လချိဒ်၊ ဇိုင်ဝါး၊ လီဆူ၊ ရဝမ်၊ ဂျိန်းဖေါ့ စသည့် လူမျိုးများဆိုင်ရာ ရိုးရာယဉ်ကျေးမှု ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည့်အပြင် ကချင်ရိုးရာယဉ်ကျေးမူ ဗဟိုကော်မတီဝင်များနှင့်လည်း တွေ့ဆုံကာ မျိုးနွယ်စု တစ်စုချင်းဆီ၏ သဘောထားအမြင်တွေကို လေ့လာခဲ့ကြကြောင်း ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တိုင်းရင်းသားရေးရာ ကော်မတီဥက္ကဌ ဦး Naw Li က “ကျနော်တို့ ဒီအဖွဲ့(၇) ဖွဲ့နဲ့ တွေ့ပြီး ဆိုရင် သူတို့ရဲ့အဖြေပေါ်မူတည်ပြီး ကျနော်တို့အနေနဲ့ ဒီကိစ္စကို ဆောင်ရွက်လို့ မသင့်တော့ဘူး ရပ်သင့်ပြီဆိုရင် ရပ်မယ် နောက်တစ်ခုလွှတ်တော်ကို တင်သင့်ရင်ပြန် တင်မယ် လွှွတ်တော်တင်လို့ အဆင်မပြေသေးဘူး။ နောက်ထပ်ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုသေးတယ်ဆိုရင် ဆက်လုပ်မယ်။” ဟု ဆက်ပြောသည်။

ကချင်နှင့် ဂျိန်းဖေါ့ ကိုပေါင်းပြီး ‘ဂျိန်းဖေါ့’ ဟုသတ်မှတ်သည်ဆိုသည့် ကိစ္စကို လွန်ခဲ့သည့် အောက်တိုဘာ ၁ရက်နေ့ ၂၀၀၃ ခုနှစ်တွင် လ.ဝ.က ဝန်ကြီး လမ်းညွှန်ချက်အရ မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေ စာရင်းတွင် သတ်မှတ်ထားကြောင်း သိရှိရသည်။

လက်ရှိတွင် မျိုးနွယ်စုဝင်များ၏ သဘောထားအမြင်၊ အကြံပြုချက်များပေါ် ရေးရာကော်မတီ အစည်းအဝေး ပြန်လည်ကျင်းပကာ အစီရင်ခံစာကို လွှတ်တော်ဥက္ကဌထံ ပြန်လည်တင်ပြသွားမည်ဖြစ် ကြောင်းသိရသည်။ တင်ပြရာတွင် မျိုးနွယ်စုဝင် (၆) မျိုးနှင့်အတူ ကချင်ရိုးရာ ယဉ်ကျေးမူ ဗဟိုကော်မတီဝင်များနှင့်တစ်ပါတည်း တွေ့ဆုံရန် တင်ပြသွားမည် ဖြစ်သည်။

အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...