ကချင်ပြည်နယ် နယ်လုံ ဝန်ကြီးသစ် ခန့်အပ်

ကချင်ပြည်နယ် နယ်လုံ ဝန်ကြီးသစ် ခန့်အပ်

ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးသူရမျိုးတင် နေရာတွင် ဗိုလ်မှူးကြီးနေလင်းထွန်း ကို အစားထိုး ခန့်အပ်လိုက်ပြီဖြစ်သည်။

ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပသည့် ကချင်ပြည်နယ်လွှတ်တော် (၁/၂၀၁၈) အထူးအစည်းအဝေး ပထမနေ့တွင် ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ နိုဝင်ဘာလ ၇ ရက်နေ့ ကြေညာချက်တွင် ကချင်ပြည်နယ်မှ နယ်လုံဝန်ကြီး သူရမျိုးတင် အပါအဝင် အခြားပြည်နယ်၊ တိုင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၅၀ ခန့်ကို တာဝန်မှ အနားပေးလိုက်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုလို အစိုးရအဖွဲ့တွင် ပါဝင်သော တပ်မတော်ကိုယ်စားလှယ် အပြောင်းအလဲနဲ့ ပတ်သက်ပြီး “ဒါက သူတို့ရဲ့လုပ်ရိုးလုပ်စဉ် တစ်ခုဘဲလို့ မြင်တယ်။ နောက်တစ်ခု သူတို့တပ်မတော်ရဲ့ အတွင်းရေးထဲ မှာ ပဠိပက္ခတစ်ခုခု ရှိလို့ ပြောင်းတာလည်း ဖြစ်နိုင်တယ်ဟု” ကချင်ဒီမိုကရက်တစ်ပါတီ KDP ဥက္ကဌ ဦး ကွမ်ဂေါင် အောင်ခမ်း က သုံးသပ်သည်။

ဗိုလ်မှူးကြီး သူရမျိုးတင်၏ နေရာတွင် အစားထိုးခန့်သည့် ဗိုလ်မှူးကြီးနေလင်းထွန်း အပါအဝင် တပ်မတော်သား ပြည်သူ့လွှတ်တော် ၈ ဦးအပါအဝင်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မှ တပ်မတော်သား ကိုယ်စားလှယ် စုစုပေါင်း ၃၀ ဦးကို အစားထိုးပြောင်းခဲ့ကြောင်း သိရသည်။

Most read this week

January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...