ကချင်ပြည်နယ် နယ်လုံ ဝန်ကြီးသစ် ခန့်အပ်

ကချင်ပြည်နယ် နယ်လုံ ဝန်ကြီးသစ် ခန့်အပ်

ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးသူရမျိုးတင် နေရာတွင် ဗိုလ်မှူးကြီးနေလင်းထွန်း ကို အစားထိုး ခန့်အပ်လိုက်ပြီဖြစ်သည်။

ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပသည့် ကချင်ပြည်နယ်လွှတ်တော် (၁/၂၀၁၈) အထူးအစည်းအဝေး ပထမနေ့တွင် ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ နိုဝင်ဘာလ ၇ ရက်နေ့ ကြေညာချက်တွင် ကချင်ပြည်နယ်မှ နယ်လုံဝန်ကြီး သူရမျိုးတင် အပါအဝင် အခြားပြည်နယ်၊ တိုင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၅၀ ခန့်ကို တာဝန်မှ အနားပေးလိုက်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုလို အစိုးရအဖွဲ့တွင် ပါဝင်သော တပ်မတော်ကိုယ်စားလှယ် အပြောင်းအလဲနဲ့ ပတ်သက်ပြီး “ဒါက သူတို့ရဲ့လုပ်ရိုးလုပ်စဉ် တစ်ခုဘဲလို့ မြင်တယ်။ နောက်တစ်ခု သူတို့တပ်မတော်ရဲ့ အတွင်းရေးထဲ မှာ ပဠိပက္ခတစ်ခုခု ရှိလို့ ပြောင်းတာလည်း ဖြစ်နိုင်တယ်ဟု” ကချင်ဒီမိုကရက်တစ်ပါတီ KDP ဥက္ကဌ ဦး ကွမ်ဂေါင် အောင်ခမ်း က သုံးသပ်သည်။

ဗိုလ်မှူးကြီး သူရမျိုးတင်၏ နေရာတွင် အစားထိုးခန့်သည့် ဗိုလ်မှူးကြီးနေလင်းထွန်း အပါအဝင် တပ်မတော်သား ပြည်သူ့လွှတ်တော် ၈ ဦးအပါအဝင်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မှ တပ်မတော်သား ကိုယ်စားလှယ် စုစုပေါင်း ၃၀ ဦးကို အစားထိုးပြောင်းခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...