မွန်အမျိုးသားနေ့အခန်းအနားအတွက် မွန်ပြည်နယ်အစိုးရမှ သိန်း ၅၀၀ ပံ့ပိုးမည်

မွန်အမျိုးသားနေ့အခန်းအနားအတွက် မွန်ပြည်နယ်အစိုးရမှ သိန်း ၅၀၀ ပံ့ပိုးမည်
မွန်အမျိုးသားနေ့အခန်းအနားအတွက် မွန်ပြည်နယ်အစိုးရမှ သိန်း ၅၀၀ ပံ့ပိုးမည်
မွန်အမျိုးသားနေ့အခန်းအနားအတွက် မွန်ပြည်နယ်အစိုးရမှ သိန်း ၅၀၀ ပံ့ပိုးမည်

လာမည့်နှစ်တွင် ကျင်းပမည့် (၇၂) နှစ်မြောက် မွန်အမျိုးသားနေ့ အခန်းအနားအတွက် မွန်ပြည်နယ် အစိုးရက ငွေကျပ်သိန်း ၅၀၀ ထောက်ပံ့ ပေးမည် ဟု သိရသည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့ (တပို့တွဲလပြည့်ကျော် ၁ ရက်နေ့) တွင် ကျရောက်သည့် မွန်အမျိုးသားနေ့တွင် ဗဟိုအဆင့်အတွက် ကျပ်သိန်း ၄၀၀ နှင့် မြို့ နယ်အဆင့် အတွက် ကျပ်သိန်း ၁၀၀ ခွဲဝေပေးသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း က ပြောသည်။

“သိန်း ၅၀၀ ကို ဗဟိုနဲ့ မြို့ နယ်အဆင့်အခမ်းအနားတွေအတွက် ခွဲပေးမယ် ဆိုတော့ ဗဟိုအတွက်က သိန်း ၄၀၀၊ ကျန်တဲ့သိန်း ၁၀၀ ကိုတော့ တစ်မြို့ နယ်ကို ၁၀ သိန်းနှုန်းနဲ့ ခွဲဝေပေးဖို့ ဆုံးဖြတ်ထားပြီးပြီ” ဟု ဒေါက်တာမင်းကြည်ဝင်း က ပြောသည်။

(၇၂) ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို တချိန်က မွန်လူမျိုးတို့၏ ဟံသာဝတီနေပြည်တော် ဖြစ်ခဲ့သည့် ပဲခူးမြို့ ရွှေမော်ဓောဘုရားဝင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ဗဟိုအခမ်းအနားအတွက် ငွေကျပ်သိန်း ၁၅၀၀ ခန့် အသုံးပြုရန် လျာထားသည် ဟု အခမ်းအနားကျင်းပရေးကော်မတီက ပြောသည်။

အခမ်းအနားကျင်းပရေးကော်မတီမှ လျာထားကုန်ကျစရိတ်အတိုင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထောင်း ခံထားသော်လည်း ပြည်နယ်အစိုးရက ကျပ်သိန်း ၅၀၀ သာထောက်ပံ့ပေးမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ဒေါက်တာမင်းကြည်ဝင်း က ဆက်ပြောသည်။

“ပဲခူးတိုင်းအစိုးရကိုလည်း သိန်း ၅၀၀ ထောက်ပံ့ပေးဖို့ တောင်းထားတယ်၊ ပေး မပေးတော့ အကြောင်း မပြန် သေးဘူး။ အရင်နှစ်တွေတုန်းက မြို့ နယ်အဆင့်လုပ်တော့ နှစ်တိုင်း ၁၀ သိန်း ထောက်ပံ့ပေးတယ်” ဟု ၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကျင်းပရေး ကော်မတီ ဒု-ဥက္ကဌ နိုင်ရွှေဖူးက ပြောသည်။

၇၁ ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပခဲ့စဉ်ကလည်း မွန်ပြည်နယ်အစိုးရမှ ငွေကျပ် သိန်း ၅၀၀ ထောက်ပံ့ပေး ခဲ့သည်။

ယခင်က မွန်အမျိုးသားနေ့အခမ်းအနားကို မိမိဒေသအလိုက် ကျင်းပလာခဲ့ရာမှ ရွှေရတုသဘင် ဖြစ်သည့် ၁၉၉၇ ခုနှစ်မှ စပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းရှိ မြို့ နယ်များ စုပေါင်းကာ ကျင်းပရေး ကော်မတီ (ဗဟို) ကို ဖွဲ့စည်းခဲ့သည်။

ကျင်းပရေးကော်မတီ ဗဟိုအဆင့်ကို ဖွဲ့စည်းပြီးနောက်ပိုင်းတွင် ဗဟိုအခမ်းအနားကို တစ်နှစ်လျှင် တစ်မြို့ နယ် ဖြင့် မွန်ပြည်နယ်အတွင်းရှိ မြို့ နယ် ၁၀ မြို့ နယ်တို့တွင် အလှည့်ကျကျင်းပလာခဲ့ရာ ၇၁ ကြိမ်မြောက် ဗဟို အခမ်းအနားကိုတော့ ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ဇာသပြင်ကျေးရွာတွင် ကျင်းပခဲ့ပြီး ယခုကျရောက်မည့် ၇၂ ကြိမ်မြောက် ဗဟိုအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ တွင် ကျင်းပမည် ဖြစ်သည်။

မွန်အမျိုးသားနေ့အခမ်းအနားကို မြို့ နယ်အဆင့် ကျေးရွာအဆင့်အပြင် မွန်လူမျိုးစုများ နေထိုင်ရာ ကရင်ပြည် နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ပြည်ပနိုင်ငံများရောက် မွန်လူမျိုးတို့ကလည်း မွန်အမျိုးသား နေ့ အခမ်းအနားကို ၎င်းတို့၏ အားလပ်ရက်များတွင် ကျင်းပလေ့ ရှိကြသည်။

သမလ၊ ဝိမလ မွန်မင်းညီနောင်နှစ်ပါး ဟံသာဝတီ မင်းနေပြည်တော်ကို စတင်တည်ထောင်ခဲ့သည့် သာသနာ သက္ကရာဇ် ၁၁၁၆၊ (အေဒီ ၅၇၃) တပို့တွဲ လပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

Most read this week

ဓါတ်ပုံ - Crd
September 12, 2026
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ဘက်သုံး ပင်မလေတပ်စခန်းဌာနချုပ် (တံတားဦး) ကို တော်လှန်ရေး...
September 12, 2026
မြန်မာ-ထိုင်း နယ်စပ်ရှိ မောတောင်နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြိတ်ခရိုင်...
September 11, 2026
မန္တလေးမြို့၊ တံတားဦး လေတပ်စခန်းအတွင်း ရပ်နားထားသည့် စစ်အုပ်စု၏ တိုက်လေယာဉ်များကို တော်...
September 11, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့တွင် "သင်္ဂဟမိတ္တ" နာရေးကူညီမှုအသင်းပိုင်...