ဘင်္ဂလားဒေ့ရှ် ကူတူပါလောင်ဒုက္ခသည်စခန်းတွင် အန်ဂျီအိုကားနှစ်စီးတိုက်ခိုက်ခံရပြီး ဝန်ထမ်း ၅ ဦးဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ် ကူတူပါလောင်ဒုက္ခသည်စခန်းတွင် အန်ဂျီအိုကားနှစ်စီးတိုက်ခိုက်ခံရပြီး ဝန်ထမ်း ၅ ဦးဒဏ်ရာရ

ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ အိုးကီးယားမြို့နယ်၊ ကူတူပါလောင် ဒုက္ခသည်စခန်းတွင် အန်ဂျီအို ကားနှစ်စီးကို ဒုက္ခသည်များက ယမန်နေ့ ညနေက ဝိုင်းဝန်း တိုက်ခိုက်သဖြင့် အန်ဂျီအို ဝန်ထမ်း ၅ ဦးဒဏ်ရာ ရရှိသွားသည်ဟု ဘင်္ဂလာ သတင်းဌာန ၂ ခုဖြစ်သည့် Teknafnews နှင့် Ukhiyanews တို့တွင် သတင်းဖော်ပြသည်။

ဖြစ်ပွားပုံမှာ ဘင်္ဂလာဒေ့ရှ် နိုင်ငံ အခြေစိုက် အန်ဂျီအို တစ်ခု ဖြစ်သည့်  BRAC (Building Resources Across Communities) မှ အမျိုးသမီး ဝန်ထမ်းနှစ်ဦးမှာ မြန်မာနိုင်ငံမှ နေရပ်တိမ်းရှောင်သွားသူများ နေထိုင်ရာ ကူတူပါလောင်ဒုက္ခသည် စခန်းသို့ လူဦးရေ စာရင်းကောက်ယူရန် သွားရောက်ခဲ့ပြီး အပြန်တွင် ၎င်းအမျိုးသမီးနှစ်ဦးကို ဒုက္ခသည်များမှ ဝိုင်းဝန်းနောက်ပြောင်ပြီး အနှောင့်အယှက်ပေးကြကြောင်း၊ ထိုသို့ ပြုလုပ်သည်ကို အန်ဂျီအိုဝန်ထမ်းများ အမျိုးသားများမှ သူတို့စီးလာသည့်ကားပေါ်မှ မြင်သဖြင့် ကားပေါ်မှ ဆင်းပြီး ဟန့်တားရာ အန်ဂျီအိုဝန်ထမ်းများကို စခန်းနေ ဘင်္ဂလီ ဒုက္ခသည်များက အကျီၤလည်ပင်းများကို ဆွဲပြီး ဝိုင်းရိုက်ကာ လက်သီးများဖြင့် ထိုးကြကြောင်း၊ ခြေထောက်ကန်ကျောက်ပြီး တုတ်များဖြင့် ဝိုင်းရိုက်ကြကြောင်း၊ သို့အတွက် အန်ဂျီအို ဝန်ထမ်း (၅) ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း၊ ၎င်းပြင် အန်ဂျီအို ဝန်ထမ်းများ စီးလာသည့် ကားနှစ်စီးကိုလည်း ဝိုင်းဝန်းပြီး တုတ်များ၊ ကျောက်ခဲများဖြင့် ဝိုင်းဝန်း ပစ်ပေါက်ဖျက်ဆီးကြကြောင်း သတင်းတွင် ဖော်ပြသည်။

ဒဏ်ရာရသူ အန်ဂျီအို ဝန်ထမ်း ၅ ဦးမှာ မူစတာကိန်း၊ အာတီ၊ တူဖာ၊ ဆော့ယွဒ်နှင့် ဇော်မီရ်တို့ ဖြစ်ကြပြီး ထိုအထဲတွင် မူစတာကိန်းမှာ ဒဏ်ရာပြင်းထန်သဖြင့် ကော့စ်ဘဇားရှိ ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် တင်ထားရသည်ဟု သတင်းတွင် ဖော်ပြထားသည်။

ကူတူပါလောင် ဒုက္ခသည်စခန်းမှ စခန်းတာဝန်ခံ ရေဇာအူရ်ကော်ရိမ်မှလည်း ၎င်းဖြစ်ရပ်ကို အတည်ပြုပြီး အန်ဂျီအိုမှ အမျိုးသမီးနှစ်ဦးကို စနောက်ရာမှ ပြသနာဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်ဟု သိရသည်။

ဒုက္ခသည်များသည် အန်ဂျီအို ဝန်ထမ်းများစီးလာသည့် ကားနှစ်စီးကို မီးရှို့ရန် ကြိုးစားနေစဉ် ဘင်္ဂလာဒေ့ရှ် စစ်တပ်၊ နယ်ခြားစောင့်တပ်ဖွဲ့ BGB၊ ရဲတပ်ဖွဲ့ဝင်များ လိုက်လာရာမှ ထွက်ပြေးသွားကြသည်ဟု သတင်းတွင် ရေးသားဖော်ပြထားသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...