ငြိမ်းချမ်းရေး ကော်မရှင် နှင့် KNPP အလွတ်သဘောတွေ့ဆုံ

ငြိမ်းချမ်းရေး ကော်မရှင် နှင့် KNPP အလွတ်သဘောတွေ့ဆုံ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိနေသည့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC အဖွဲ့သည် ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၉  နာရီတွင် NCA အပစ်ရပ် လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သော ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP မှ ခေါင်းဆောင်များနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

လောလောဆယ် မည့်သည့်အကြောင်းအရာကိစ္စများကို အသေးစိတ်ဆွေးနွေးကြသည်ကို မသိရှိရသေးပေ။ သို့သော်  အတည်မပြုနိုင်သေးသည့် သတင်းများအရ ပြည်နယ်အစိုးရနှင့် ပုံမှန် တွေ့ဆုံဆွေးနွေးရေးကိစ္စ၊ NCA လက်မှတ်ရေးထိုးရေး ကိစ္စများနှင့် ယမန်နေ့က ကရင်အမျိုးသား အစည်းအရုံး နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည့် အခြေအနေများကို အပြန်အလှန် ပြောဆိုဆွေးနွေးမည်ဟု သိရသည်။

အစည်းအဝေးတွင် ငြိမ်းချမ်းရေး ကော်မရှင် PC အဖွဲ့မှ အတွင်းရေးမှူး အငြိမ်းစား ဒု ဗိုလ်ချူပ်ကြီး ဦးခင်ဇော်ဦး ၊ ဦးအောင်စိုး၊ ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ နှင့် ဦးကျော်လင်းဦး တို့ ပါဝင်တက်ရောက်သည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အဖွဲ့မှ ဒုဥက္ကဌ ခူးဦးရယ် ဦးဆောင်၍ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ခူးထဲဘူး၊ ဗဟိုကော်မတီဝင် ခူးတော်ရယ်၊ တာဂေချိုင်း နှင့် နဲနယ်ဖလိုး၊ ခွန်နောင် တို့ ပါဝင်တက်ရောက်သည်။

၂၀၁၂ ခုနှစ် မတ်လတွင်  ကယားပြည်နယ် လွိုင်ကော်မြို့၌ အစိုးရနှင့် ပဏာမ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး နှင့် ဇွန်လ ၉  ရက်နေ့တွင် ပဏာမပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထား သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည်။

Most read this week

ဓါတ်ပုံ - Crd
September 12, 2026
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ဘက်သုံး ပင်မလေတပ်စခန်းဌာနချုပ် (တံတားဦး) ကို တော်လှန်ရေး...
September 12, 2026
မြန်မာ-ထိုင်း နယ်စပ်ရှိ မောတောင်နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြိတ်ခရိုင်...
September 11, 2026
မန္တလေးမြို့၊ တံတားဦး လေတပ်စခန်းအတွင်း ရပ်နားထားသည့် စစ်အုပ်စု၏ တိုက်လေယာဉ်များကို တော်...
September 11, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့တွင် "သင်္ဂဟမိတ္တ" နာရေးကူညီမှုအသင်းပိုင်...