ငြိမ်းချမ်းရေး ကော်မရှင် နှင့် RCSS အလွတ်သဘော တွေ့ဆုံ ( ဓါတ်ပုံ )

ငြိမ်းချမ်းရေး ကော်မရှင် နှင့် RCSS အလွတ်သဘော တွေ့ဆုံ ( ဓါတ်ပုံ )

ငြိမ်းချမ်းရေး တစ်စို့မှုများ အဖြေရှာရန်အတွက် အစိုးရ ငြိမ်းချမ်းရေးကော်မရှင် PC အတွင်းရေးမှုး ဦးခင်ဇော်ဦး ဦးဆောင်သည့် အဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချူပ်ကြီး ယွက်ဆစ် ဦးဆောင်သော အဖွဲ့တို့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နိုဝင်ဘာလ ၁၆ ရက်နေ့ ယနေ့ ညနေ ၅ နာရီခန့်တွင် နှစ်ဖက်တွေ့ဆုံဆွေးနွေးနေကြသည်။

အစည်းအဝေးကို အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့မှ အတွင်းရေးမှူး အငြိမ်းစား ဗိုလ်ချူပ်ကြီး ဦးခင်ဇော်ဦး ၊ ဦးအောင်စိုး၊ ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ နှင့် ဦးကျော်လင်းဦး တို့ ပါဝင်တက်ရောက်သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS အဖွဲ့တွင် ဗိုလ်ချူပ်ကြီး ယွက်ဆစ် ၊ ဗိုလ်မှူးကြီး စိုင်းငင်း၊ ဗိုလ်မှူးချုပ် ပေါင်ခေး၊ ဒု ဗိုလ်မှူးကြီး စိုင်းမိဏ်း၊ တို့ တက်ရောက်သည်။

အစည်းအဝေးတွင် အစိုးရ နှင့် တစ်စို့မှု ဖြစ်နေသည့် ပစ်ခတ်တိုက်ခိုက်မှု  ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC ကိစ္စ၊ ကိုယ်ပိုင်ပြဌာန်းခွင့် ကိစ္စ၊ ခွဲမထွက်ရေး ကိစ္စ၊ တပ်မတော် တစ်ခုတည်း ဖြစ်ရေး ကိစ္စ ရပ်တွေကို ဆွေးနွေးသွားရန် ရှိသည်ဟုလည်း သိရသည်။

Most read this week

ဓါတ်ပုံ - Crd
September 12, 2026
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ဘက်သုံး ပင်မလေတပ်စခန်းဌာနချုပ် (တံတားဦး) ကို တော်လှန်ရေး...
September 12, 2026
မြန်မာ-ထိုင်း နယ်စပ်ရှိ မောတောင်နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြိတ်ခရိုင်...
September 11, 2026
မန္တလေးမြို့၊ တံတားဦး လေတပ်စခန်းအတွင်း ရပ်နားထားသည့် စစ်အုပ်စု၏ တိုက်လေယာဉ်များကို တော်...
September 11, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့တွင် "သင်္ဂဟမိတ္တ" နာရေးကူညီမှုအသင်းပိုင်...