Published
Monday, November 12, 2018
Kachin State Party မှတ်ပုံတင်ရန် ရွေးကောက်ပွဲ ကော်မရှင် ခွင့်ပြုလိုက်ပြီ
ကချင်ပေါင်းစည်းပါတီ ‘Kachin State Party’ ကို အတည်ပြုပေးရန် ကချင်ပါတီများ တင်ပြထားခြင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC မှ မှတ်ပုံတင်ရန် ခွင့်ပြုပေးပြီ ဖြစ်သည်။
KSP မှတ်ပုံတင်ရရှိရန်အတွက် ကချင်ပါတီများမှ တာဝန်ရှိသူ (၁၅)ဦးက လက်မှတ်ရေးထိုးရန်လိုအပ်နေသည်ဖြစ်သည့်အတွက် ယခုအပတ်တွင်လုပ်ဆောင် သွားမည်ဟု KSDP ဥက္ကဌ ဒေါက်တာ Tu Ja ကပြောသည်။
ကချင်ပါတီပေါင်းစည်းရေးတွင် ကချင်ဒီမိုကရက်တစ်ပါတီ KDP၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ KSDP၊ စည်းလုံး ညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကချင်ပြည်နယ် UDPKS ၃ပါတီခေါင်းဆောင်များက သြဂုတ် (၁၁)ရက်နေ့ အစည်းဝေးတွင် ‘Kachin State Party’ ကို သဘောတူ ဖွဲ့စည်းခဲ့သည်။







