ကချင်ပြည်နယ် နယ်လုံ ဝန်ကြီး အပြောင်းလဲ ပြုလုပ်

ကချင်ပြည်နယ် နယ်လုံ ဝန်ကြီး အပြောင်းလဲ ပြုလုပ်

ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ (နယ်လုံ)ဝန်ကြီး ဗိုလ်မှုးကြီး သူရမျိုးတင် အပါအဝင်၊ မွန်ပြည်နယ် နယ်လုံ ဝန်ကြီး နှင့် အခြား ပြည်နယ်၊ တိုင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၅၀ ခန့်ကို တာဝန်မှ အနားပေးလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ နိုဝင်ဘာ ၇ ရက်နေ့ ကြေငြာချက်တွင် ဖြော်ပြထားသည်။

ယခုလို အစိုးရအဖွဲ့တွင် ပါဝင်သော တပ်မတော်သား ကိုယ်စားလှယ်များ အပြောင်းအလဲ နှင့် ပတ်သက်ပြီး “တပ်မတော်သဘောတရားအရ သူတို့သက်တမ်းပြည့်သွားလို့ ပြောင်းလဲတာဖြစ်တယ်လို့ သတင်းကြားတယ်။ တပ်ဘက်က အခုလို အပြောင်းအလဲ လုပ်တယ်ဆိုတာလည်း လူထုအတွက် အကောင်းဘက် လုပ်ပေးတယ်လို့ မြင်ပါတယ်” ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသော ကချင်ပြည်နယ်ဒီမိုကရေစီပါတီ KSDP ဥက္ကဌ ဒေါက်တာ မနမ်တူးဂျာ ပြောဆိုပါသည်။

ဗိုလ်မှုးကြီး သူရမျိုးတင်၏ နေရာတွင် ဗိုလ်မှုးကြီး နေမင်းထွန်း ကို ခန့်အပ်ပြီး တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၈ ဦး၊ တပ်မတော်သား အမျိုးုသားလွှတ်တော်ကိုယ်စားလှယ် ၈ ဦး အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မှ တပ်မတော်သား ကိုယ်စားလှယ် ၃၀ ဦးကို အစားထိုးပြောင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

“ကြားရသလောက်တော့ သက်တမ်းပြည့်လို့ တာဝန်က ရပ်နားတာလို့ ပြောကြတယ်။ ဒီအချက်မှန်တယ်ဆိုရင်တော့ ဒါက လုပ်ရိုး လုပ်စဉ်လို့ မှတ်ယူနိုင်တယ်။ အဲလို မဟုတ်ဘူးဆိုရင်တော့ သူတို့ ၂၀၂၀ အတွက် ပြင်ဆင်တယ်လို့ မြင်တယ်။ ဘာလို့လဲ ဆိုတော့ အောက်ခြေမှာ တစ်ခုခု ဖြစ်တိုင်း နယ်လုံဝန်ကြီးကိုပဲ ပြောကြတာလေ။ ဒါကြောင့် လူထုကို ချော့သိပ်တာလို့ မြင်တယ်။” ဟု မြစ်ကြီးနားမှ စစ်ရေးနိုင်ငံရေး လေ့လာသုံးသပ်သူ ဦးနော်ခုန် ပြောပါသည်။

ကချင်နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှုးကြီး သူရမျိုးတင်သည် ၂၀၁၅ ရွေးကောက်ပွဲအပြီး ယခုတာဝန်ကို ပေးအပ်ခံခဲ့ခြင်း ဖြစ်ပါသည်။

တရုတ်နယ်စပ် ကချင်လွတ်လပ်ရေးတပ်မတော် KIA နယ်မြေထဲ စစ်ပြေးဒုက္ခသည်အကူအညီ သွားရောက် ပေးအပ်သူများကို မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇/၁ ဖြင့် အရေးယူနိုင်ကြောင်း ဝိုင်းမော်မြို့နယ် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အသင်းတော် ကို ဗိုလ်မှုးကြီး သူရမျိုးတင် က ယခုနှစ် မေ ၂၁ ရက်နေ့ သတိပေးစာ ပေးခဲ့သည်။

Most read this week

January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...