ဘူးသီးတောင်မြို့တွင် စိတ်ကြွဆေးပြား တစ်သန်းနီးပါး ဖမ်းမိ

ဘူးသီးတောင်မြို့တွင် စိတ်ကြွဆေးပြား တစ်သန်းနီးပါး ဖမ်းမိ
by -
သိန်းဇော်(မောင်တော)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် နိုဝင်ဘာ ၁ ရက် ယနေ့ နံနက်ပိုင်းက WY ယာဘား စိတ်ကြွဆေးပြား တစ်သန်းနီးပါး ဖမ်းမိရရှိခဲ့သည်ဟု သတင်းရရှိသည်။

“ စိတ်ကြွဆေးပြား ၉သိန်း ရသောင်း ၅ထောင် ဖမ်းဆီးရမိပါတယ်။ စစ်တွေကနေ ဘူးသီးတောင်ကို ရောက်ရှိလာတဲ့ အောင်ကျော်မိုးသင်္ဘောကို ဆိပ်ကမ်းမှာ ရှာဖွေရာက မိတာပါ။ ငါးတွေထည့်လာတဲ့ သေတ္တာပုံးတွေအထဲမှာ ရောပြီး သိုဝှက်ယူဆောင်လာတာဖြစ်ပါတယ်။ ဒီနေ့ မနက် ၁၀ နာရီ အချိန်မှာ ရှာဖွေသိမ်းဆည်းနိုင်ခဲ့ပါတယ်” ဟု ဘူးသီးတောင်မြို့နယ် ရဲမှူးကြီး ကျော်သူဝင်းက နိရဥ္စရာသို့ ပြောသည်။

သင်္ဘောပေါ်တွင် ပါလာသော ငါးပုံးများကို ဖွင့်ဖောက်စစ်ဆေးရာမှ WY စိတ်ကြွဆေးပြား အထုပ်ပေါင်း(၄) ထုပ်ကို တွေ့ရှိကြောင်း၊ စုစုပေါင်း ဆေးပြားအရေအတွက်မှာ ၉၇၅၀၀၀ ပြားဖြစ်ကြောင်း၊ လက်ရှိ ကာလပေါက်စျေးတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၁၉၅၀၀ ခန့်ရှိကြောင်း ရဲမှူးကြီးက ဆက်လက် ပြောကြားသည်။

လက်ရှိ အချိန်တွင် စစ်တွေမှ ငါးပုံးများကို သင်္ဘောပေါ်သို့ တင်ပေးလိုက်သည့် ပစ္စည်းပိုင်ရှင်နှင့် ဘူးသီးတောင်မှ လက်ခံမည့်သူကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

April 27, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ လူနေကျေးရွာများအား မြန်မာစစ်တပ်က...
April 25, 2026
ကျော်သီဟ — ရခိုင်ပြည်ရှိ စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းက လေးလအတွင်း စစ်ဘေးရှောင်နှင့်...
April 24, 2026
ရခိုင်ပြည်၊ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ဖက်ကို ကမ်းကပ်ရန်ချဉ်းကပ်ခဲ့သည့် ...