ရှမ်းမြောက် KIA တပ်ဖွဲ့ နှင့် မြန်မာစစ်တပ် အချိန်တို ပစ်ခတ်မှု ဖြစ်ပွား

ရှမ်းမြောက် KIA တပ်ဖွဲ့ နှင့် မြန်မာစစ်တပ် အချိန်တို ပစ်ခတ်မှု ဖြစ်ပွား

ရှမ်းပြည်မြောက်ပိုင်း တာမိုးညဲမြို့အနီး ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၆)၊ တပ်ရင်း (၉) နယ်မြေတွင် မြန်မာစစ်တပ်နှင့် ယမန်နေ့ အောက်တိုဘာ (၃၁)ရက်နေ့ အချိန်တို တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တာမိုးညဲမြို့ အနီး အနောက်ဘက် နမ့်ဟွေး (Namhui) ကျေးရွာ ရွာလူကြီး နေအိမ်မှာ KIA စစ်သားများ ထမင်းချက်စားနေစဉ် နေ့လည် ၁၂နာရီကျော်မှာ မြန်မာစစ်သားများ လာရောက် ပစ်ခတ်ရာမှ နှစ်ဖက် အချိန်တို တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KIA တပ်မဟာ (၆) အရာရှိတဦး ကချင်သတင်းဌာန KNG ကို ပြောသည်။

အစိုးရစစ်သားများ၏ အိမ်ထဲ အလစ် ပစ်ခတ်ခံရမှုကြောင့် KIA ကွတ်ခိုင် အုပ်ချုပ်ရေးအဖွဲ့မှ စစ်သား ၂ ဦး နှင့် ရွာသား ၁ ဦး ပါ ထိခိုက် ဒဏ်ရာ ရရှိကြောင်း အထက်က အမည်မဖော်လိုသူ KIA တပ်မဟာ (၆) အရာရှိက ဆိုသည်။

မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် - ကိုးကန့်အဖွဲ့ MNDAA၊ ပလောင် (တအာန်း)အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့် ရက္ခိုင့်တပ်မတော် AA တို့ နှင့် အစိုးရငြိမ်းချမ်းရေးကော်မရှင် ကြား ယနေ့ တရုတ်နိုင်ငံ ကူမင်းမြို့ အစည်းဝေးသို့ သက်သေးအဖြစ် ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ တက်ရောက်နေစဉ် ယခု ပစ်ခတ်မှု ဖြစ်ပွားခြင်းဖြစ်သည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...