၁၀ တန်းအောင် လူငယ်များ၏ ပညာရေး၊ အလုပ်ကိုင် အခွင့်လမ်း ဟောပြောပွဲ ပြုလုပ်

၁၀ တန်းအောင် လူငယ်များ၏ ပညာရေး၊ အလုပ်ကိုင် အခွင့်လမ်း ဟောပြောပွဲ ပြုလုပ်

၁၀ တန်းအောင်သည့် လူငယ်တစ်ယောက်၏ ပညာရေးနှင့် အလုပ်ကိုင်အခွင့်အလမ်းများ ရရှိလာနိုင်ရန်အတွက် လူငယ်များကို အမြင်ဖွင့်ဟောပြောပွဲတစ်ခုကို Ningshawng Education Center တွင် အောက်တိုဘာ ၂၇ ရက်နေ ပြုလုပ်ခဲ့သည်။

ထိုဟောပြောပွဲသို့ ၁ဝတန်းအောင် နှင့် ဘွဲ့ရလူငယ်များ လာသော်လည်း ပညာတတ် လူငယ် နည်းပါသလို အလုပ်အကိုင်မဲ့လူငယ် များသောကြောင့် နိန်သျှောင်(ရှေ့ဆောင်) ပညာရေး စင်တာမှ တာဝန်ယူပြီး “လူငယ်များအလုပ်အကိုင်ရရှိလာနိုင်နှင့် နိုင်ငံခြားသို့ဆက်လက်ပညာဆည်းဖူးလေ့လာ သွားနိုင်ရေး” ဟူသော ခေါင်းစဉ်ဖြင့် လူငယ်များ၏ ပညာရေးအမြင် ဆွေးနွေးပွဲ စီစဉ်ပြုလုပ်ခြင်းဖြစ်သည်။

လူငယ်များအလုပ်အကိုင်ရရှိလာနိုင်ရန် ၁ဝတန်းအောင်သည့် လူငယ်တစ်ယောက် တက္ကသိုလ်တက်ရင်း တစ်ဖက်တွင် တစ်ခြား ဘာသာရပ်ပညာတစ်ခုကို လေ့လာသင်ကြားရန် အထူးလိုအပ်ကြောင်းကို ဟောပြောပွဲတွင် တာဝန်ယူပြောဆိုခဲ့သည့် နိန်သျှောင်ကျောင်း တာဝန်ခံ ဦး Zinghtung Kum Shawng ကပြောဆိုသည်။

“ကျနော့်အမြင်ပေါ့နော်။ ၁ဝတန်းအောင်တဲ့ လူငယ်တစ်ယောက်က တက္ကသိုလ်တက်ရင်း တစ်ဖက်မှာပညာတစ်ခုခုကို သင်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ အခုခောတ်လူငယ်တွေက ဘွဲ့တစ်ခုရရင်နဲ့ ပညာမတတ်ကြဘူး။ ပိုဆိုးတာက ၁ဝတန်းမှာ အမှတ်နည်းခဲ့ တဲ့သူတွေ ပေါ့။ အမှတ်များခဲ့တဲ့သူတွေကိုတော့ မပြောလိုပါဘူး။ သူတို့က အပြင်မှာ ပညာတစ်ခုခုကို ကျွမ်းကျွမ်းကျင်ကျင်တတ်စေချင်တယ်။ ဒါမှသာ အလုပ်ကသူ့အလိုလိုနဲ့ ရှိလာမယ်” ဟု ပြောဆိုသည်။

၁ဝတန်းအောင် ဘွဲ့ရထားပြီဖြစ်သော လူငယ်များကလည်း နိုင်ငံခြားကို ဆက်လက် ပညာသင် ဆည်းပူးစေလိုလျင် အင်္ဂလိပ်စာကို ပိုင်ပိုင်နိုင်နိုင်လေ့လာရန်နှင့် မိမိဝါသနာပါသည့် အလုပ်ကို လေ့လာရန် လိုအပ်ကြောင်းကို ဆက်ပြောဆိုသည်။

အဆိုပါ လူငယ်များ၏ ပညာရေးနှင့် အလုပ်အကိုင်ရရှိလာနိုင်ရန် ဆွေးနွေးပွဲကို လူငယ် ၁ဝဝကျော်ခန့် တက်ရောက် ဆွေးနွေးပါဝင်ခဲ့သည်။

နိန်သျှောင် ပညာရေးစင်တာ (Ningshawng Education Center) မှာလည်း အဓိကအားဖြင့် အင်္ဂလိပ် နှင့် ဂျပန်စားပြော သင်ကြားပေးသောနေရာဖြစ်ပြီး သင်တန်းအောင်မြင်သူများကို နိုင်ငံခြားသို့ပညာတော်သင် စေလွှတ်ပေးနေကြောင်း ဆိုပါသည်။

June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...
June 24, 2026
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု...
June 23, 2026
မိုးကောင်းမြို့မှာ ရေကြီးရေလျှံဖြစ်နေတာကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု...
June 22, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြည်သူတစ်ဦးကို လေယာဉ်လက်မှတ်ရောင်းတဲ့ Facebook Page တစ်ခုက...