ကချင် ၃ ပါတီဖြင့်သာ ပေါင်းစည်းပါတီ မှတ်ပုံတင်ရန် ဆုံးဖြတ်

ကချင် ၃ ပါတီဖြင့်သာ ပေါင်းစည်းပါတီ မှတ်ပုံတင်ရန် ဆုံးဖြတ်

ကချင်ပါတီပေါင်းစည်းရေးတွင် မူလ ပါတီ (၄)ပါတီ ပေါင်းစည်းရန် သဘောတူခဲ့သော်လည်း ကချင်အမျိုးသားကွန်ကရက် KNC ပါတီမှာ ပါတီ ဖျက်သိမ်းရန် မဖြစ်နိုင်သေးသောကြောင့် ပါတီ (၃)ပါတီ ဖြင့်သာ မှတ်ပုံတင်ရန် နောက်ဆုံး ဆုံးဖြတ်လိုက်သည်။



Kachin National Congress ပါတီအနေဖြင့် မပါဝင်နိုင်သော်လည်း ထိုပါတီမှ အဖွဲ့ဝင် အများစုမှာ လက်ရှိ ကချင်ပေါင်းစည်းပါတီတွင် ပါဝင်လာမည်ဟု  အောက်တိုဘာလ ၂၇ ရက်နေ့တွင် မြစ်ကြီးနားမြို့ မနောကွင်း Majoi Gawknu ခန်းမမှာ ပြုလုပ်သော ကချင်ပါတီပေါင်းစည်းရေးကို ဦးဆောင်ခဲ့သည့် လူထုကိုယ်စားပြု (၁၇)ဦး ကော်မတီ၏ လူထုထံ ရှင်းပြသည့် အချက်တွင် ဖော်ဆိုသွားပါသည်။

ပါတီပေါင်းစည်းရေး (၁၇)ဦး ကော်မတီကို ယခုနှစ် ဧပြီလ (၁၀)ရက်နေ့ လူထု ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ၄င်းတို့ ဦးဆောင်မှုဖြင့် ပေါင်းစည်းပါတီ၏ နာမည်ကို ‘Kachin State Party (KSP)’ အဖြစ် ပါတီ အလံကိုလည်း သဘောတူ ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

ထို့ကြောင့် အောက်တိုဘာလ ၂၇ ရက်နေ့က ပြုလုပ်သည့် အစီစဉ်တွင် (၁၇)ဦး ကော်မတီ အနေဖြင့် ၄င်းတို့ လုပ်ဆောင်မှုများကို ရှင်းလင်းခဲ့ပြီး အလံ နှင့် တံဆိပ် ကိုလည်း ပါတီခေါင်းဆောင်များထံ ဆုတောင်း အပ်နှံကြပါသည်။

မိမိပါတီများကို ဖျက်သိမ်းမည်ဟု ကတိပြုထားသော ကချင်ဒီမိုကရက်တစ်ပါတီ KDP၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ KSDP၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကချင်ပြည်နယ် UDPKS စသည့် (၃)ပါတီဖြင့်သာ မှတ်ပုံတင်နိုင်ရေး စတင် လုပ်ဆောင်မည်ဟု ပြောဆိုပါသည်။

မှတ်ပုံတင် ကိစ္စ ပြီးစီးပြီးနောက် ပေါင်းစည်းပါတီ Kachin State Party သို့ ပါဝင်လိုသူများကိုလည်း လက်ခံ သွားမည်ဟု ပြောဆိုသွားပါသည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...