ကချင်ဆန္ဒခေါင်းဆောင် ၃ ဦးပေါ် စွဲချက် ပယ်ဖျက်ပေးရန် AI တောင်းဆို

ကချင်ဆန္ဒခေါင်းဆောင် ၃ ဦးပေါ် စွဲချက် ပယ်ဖျက်ပေးရန် AI တောင်းဆို

အသေရေဖျက်မှုဖြင့် တပ်မတော်၏ တရားစွဲခြင်းခံနေရသော ကချင်ဆန္ဒပြ လူငယ်ခေါင်းဆောင် ၃ ဦး၏ အမှုကို အစိုးရအနေဖြင့် ချက်ချင်း ပယ်ဖျက်ပေးရန် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ယမန်နေ့ အောက်တိုဘာလ ၁၅ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

အသေရေဖျက်မှုပုဒ်မ ၅၀၀ ဖြင့် တရားစွဲခံရသော Slg. Lum Zawng၊ Slg. Zau Jat နှင့် Jan. Nang Pu တို့ ၃ ဦးသည် တိုက်ပွဲတွင်း ပိတ်မိနေသော ပြည်သူ ၂၀၀၀ ကျော် လွတ်မြောက်ရေး နှင့် လူသားချင်း စာနာထောက်ထားမှု အကူညီ ရရှိရန် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့သူများ ဖြစ်သောကြောင့် လွတ်ပေးရန် တောင်းဆိုထားပါသည်။

ကချင်လူငယ်များ၏ သပိတ်စခန်းကို ဧပြီလ ၃၀ ရက်ညနေ စတင်ခဲ့ပြီး နာရီပိုင်းအတွင်းပင် အာဏာပိုင်များမှ ရုတ်သိမ်းရန် ဖိအားပေးခဲ့သောကြောင့် မနောကွင်းသို့ ပြန်လည် စုရုံးခဲ့သည်။

ထိုသို့ လူငယ် သပိတ်စခန်းအား အစိုးရမှ ခွင့်မပြုမှု နှင့်ပတ်သက်ပြီး မေလ ၁ ရက်နေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အဆိုပါ ခေါင်းဆောင် ၃ ဦးသည် တပ်မတော် အသေရေပျက်အောင်ပြောဆိုခဲ့သည်ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ မှ ဒုဗိုလ်မှူးကြီး မျိုးမင်းဦး တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်ပါသည်။

မေလ ၁၆ ရက်နေ့မှ စတင်ကာ မြို့နယ်တရားရုံးတွင် တပ်မတော်ဘက် တရားလိုများကို စစ်ဆေးပြီးနောက် စက်တင်ဘာလ ၃ ရက်နေ့တွင် ထို ခေါင်းဆောင် ၃ ဦးအား စွဲချက်တင်ခဲ့ပါသည်။

ထို့နောက် စွတ်စွဲခံရသူများမှ အမှုပယ်ဖျက်ပေးရန် ခရိုင်၊ ပြည်နယ်တရားလွတ်တော်သို့ လျှောက်တင်ခဲ့သော်လည်း ပယ်ချခြင်း ခံခဲ့ရသည်။

ယနေ့တွင်လည်း စွပ်စွဲခံ Jan. Nang Pu (ဒေါ်နန်ပူ) ၏ သက်သေ ၂ ဦးကို စစ်ဆေးခဲ့ပါသည်။

May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...