လဲချားမြို့နယ် SNLD ပါတီမြို့နယ်အထွေထွေအတွင်းရေးမှူး စိုင်းမိုင်းဇင့် ကွယ်လွန်

လဲချားမြို့နယ် SNLD ပါတီမြို့နယ်အထွေထွေအတွင်းရေးမှူး စိုင်းမိုင်းဇင့် ကွယ်လွန်

သျှမ်း(ရှမ်း)ပြည်တောင်ပိုင်းလဲချားမြို့နယ် ကျားခေါင်းပါတီ မြို့နယ်အထွေထွေအတွင်းရေးမှူး စိုင်းမိုင်းဇင့် သည် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

အောက်တိုဘာလ ၁၅ ရက်နေ့ မနက် ၅ နာရီက လဲချာမြို့နယ် ကျားခေါင်းပါတီ မြို့နယ်အထွေထွေအတွင်းရေးမှူး စိုင်းမိုင်းဇင့် အသက် ၄၁ နှစ်သည် လဲချားရပ်ကွက် ၂ ရှိ ၄င်းနေအိမ်တွင် ရုတ်တရက်ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လဲချားမြို့နယ် ပြည်နယ်လွှတ်တော်အမတ် စိုင်းကျော်ဇေယျက – သူက စိတ်ကျရောဂါလို့လည်းဆိုနိုင်ပါတယ်။ ဒါမယ့်အကောင်းကြီးကနေ မနေ့ညက ရုတ်တရုတ်ဆုံးသွားတာ။ ကျနော်တို့အတွက်တော့ အကြီးမားဆုံး ဆုံးရှုံးမှုပေါ့ဗျာ။ စိုင်းမိန်းစင်ဟာ အချိန်မှန်တယ်။ ကြိုးစားမှုရှိတယ်။ မျိုးချစ်စိတ်ဓါတ်ထက်မြက်တယ်။ သူဟာ လူမှုရေးလုပ်ငန်းတွေမှာလည်း တက်ကြွစွာကူညီဆောင်ရွက်ပေးတယ်။ သူအရက်လည်းမသောက်ဘူး။ မူးယစ်ဆေးလည်းမသုံးဘူး။ ဆေးလိပ်လည်းကင်းတယ်။ သူအခုလို ရုတ်ချည်းဆုံးသွားတဲ့အပေါ် လုံးဝ စိတ်မကောင်းဖြစ်မိတယ်။ သူလိုလူ က ရှာရခက်ပါတယ်- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

စိုင်းမိုင်းဇင့် သည် လဲချားမြို့နယ်၏ ကျားခေါင်းပါတီအတွင်းရေးမှူးအဖြစ် ၂၀၁၅ ခုနှစ်က တာဝန်ထမ်းဆောင်ခဲ့သည်။ လက်ရှိတွင် ဇနီးဖြစ်သူ နန်းလှယဉ်နှင့် သားတဦး သမီးတဦးကျန်ရစ်ခဲ့သည်။

၄င်း၏ ကြွင်းကျန်သော ရုပ်အလောင်းအားအောက်တိုဘာလ ၁၇ ရက်နေ့ တွင် လဲချားမြို့သုသာန်၌သဂြိုဟ်မည်ဖြစ်ကြောင်းသိရသည်။

June 1, 2026
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...
May 30, 2026
သျှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လက်သမားခ တစ်နေ့လျှင့် ကျပ်ငွေ...
May 29, 2026
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး...
May 28, 2026
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး...