မြစ်ကြီးနားမြို့နယ် နေရာအချို့တွင် လုံခြုံရေးကြောင့် မဲဆွယ်ခွင့် မရ

မြစ်ကြီးနားမြို့နယ် နေရာအချို့တွင် လုံခြုံရေးကြောင့် မဲဆွယ်ခွင့် မရ

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နယ် အမျိုးသားလွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲ အတွက် နေရာအချို့တွင် လုံခြုံရေးကြောင့်ဟု ဆိုကာ မဲဆွယ်စည်းရုံးရေး မပြုလုပ်ရန် ကန့်သတ်ထားသည်။

ဆင်ဘို၊ ဟိုကတ်၊ တီယန်ဇွပ် ကျေးရွာများတွင် ရွေးကောက်ပွဲကျင်းပပေးမည် ဖြစ်သော်လည်း မဲဆွယ်စည်းရုံးခွင့်ကို မြစ်ကြီးနားခရိုင် ရွေးကောက်ပွဲ ကော်မရှင်မှ ပိတ်ပြင်ထားခြင်းဖြစ်သည်။



နေရာတစ်ခုတွင် မဲဆွယ်နိုင်ရန် ၃ ရက် (၇၂ နာရီ) ကြိုတင် အသိပေးရသောကြောင့် နေရာအတွက် အခက်အခဲ ဖြစ်ခြင်း၊ စည်းမျဉ်း ပိုမို တင်းကြပ်ထားခြင်း နှင့် မဲဆွယ်နိုင်ရန် ကန့်သတ်နယ်မြေ ရှိခြင်း တို့ဖြစ်သည်ဟု ကချင်ဒီမိုကရက်တစ်ပါတီ KDP မှ ကိုယ်စားလှယ်လောင်း ဦးကွမ်ကရောင် အောင်ခမ်း ပြောပါသည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မှ ကိုယ်စားလှယ်လောင်း ဒေါ်ယမ်ခေါ်န် က “ဆင်ဘို မှာတော့ သွားပြီးပြီ။ ဟိုကတ် ကျေးရွာဘက်ကိုတော့ ကော်မရှင်က ပိတ်ထားလို့ မသွားတော့ဘူး။ တီယန်ဇွပ်ဘက်ကိုလည်း သွားဖို့ ကြိုးစားနေတယ်” ဟု ကချင်သတင်းဌာန KNG ကို ပြောပြသည်။



နိုဝင်ဘာ (၃)ရက် မြစ်ကြီးနားမြို့နယ် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စုစုပေါင်း (၆)ဦး ရှိနေပါသည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...