ဘဝနတ်ထံ ပျံလွန်တော်မူသွားပြီဖြစ်သည့် မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တ ဦးသုဇန ရုပ်ကလာပ်တော်ကို ၄၅ ကြာ အပူဇော်ခံပြီးနောက် လာမည့် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ ၌ သဂြိ်ုဟ်သွားမည်ဟု သိရသည်။
ဆရာတော်၏ အန္တိမ စျာပနကျင်းပနိုင်ရေးအတွက် ယနေ့ (အောက်တိုဘာ ၁၅ရက်) မြိုင်ကြီးငူတွင် အစည်းဝေး ကျင်းပခဲ့ပြီးနောက် ဆရာတော် ခန္ဓာဝန်ချသည့်နေ့မှစပြီး ၄၅ ရက်အကြာတွင် အန္တိမစျာပနအခမ်းအနားကျင်း ပရန် သဘောတူဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု ကရင်ပြည်နယ် သာသနာရေးနှင့် မွန်တိုင်းရင်းသားရေးရာဝန် ကြီး မင်းတင်ဝင်းက ကေအိုင်စီသို့ ပြောသည်။
“ကျန်ရှိတဲ့ ရုပ်ကလာပ်ကို ရပ်နီး၊ ရပ်ဝေးရှိ မြိုင်ကြီးငူဆရာတော်ရဲ့ တပည့် ဒါယိကာတွေ သွားရောက်ဖူးမျှော် နိုင်ဖို့ ဆရာတော် ခန္ဓာဝန်ချသည့်နေ့ကစပြီး သဂြုႋဟ်မယ့်ရက်အထိ စုစုပေါင်း ၄၅ ရက်ထားမယ်။ နောက်လ ၂၇ ရက်နေ့မှာ သဂြိ်ုဟ်ဖို့ ဒီနေ့တော့ အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်လိုက်တာပေါ့”ဟု ဝန်ကြီး မင်းတင်ဝင်းက ပြောသည်။
ယနေ့ ကျင်းပသည့် အစည်းအဝေးတွင် ကရင်ပြည်နယ် မွန်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပအိုဝ်းတိုင်းရင်းသား ရေးရာဝန်ကြီီး၊ ရဟန်းသံဃာတော်များ၊ ကရင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ်-BGF တာဝန်ရှိသူနှင့် အစိုးရ ဌာန ဆိုင်ရာအသီးသီးတာဝန်ရှိသူများ ပါဝင်တက်ရောက်ကြသည့်အပြင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးလည်း တက်ရောက်ခဲ့သည်ဟု သိရသည်။
ဆရာတော်၏ အန္တိမ စျာပန မကျင်းပမီ ရက်ပေါင်း ၄၅ ရက်အတွင်း စျာပနကျင်းပနိုင်ရေး လုပ်ငန်းအစီအစဉ် များ၊ ကျွေးမွေးဧည့်ခံရေးနှင့်ပျော်ပွဲရွှင်ပွဲ အစီအစဉ်များထည့်သွင်းကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအ လိုက် ပါဝင်မည့် ရဟန်းသံဃာတော်များ လူပုဂ္ဂိုလ်များပါဝင်သည့် ကော်မတီများကို ဆက်လက်ဖွဲ့စည်းသွား မည် ဖြစ်သည်ဟုလည်း သိရသည်။
မြိုင်ကြီးငူဆရာတော်ဘုရားကြီး ဦးသုဇနသည် ယခုလ ၁၃ရက်၊ ထိုင်းစံတော်ချိန် ည ၉ နာရီ ၁၂ မိနစ်အချိန်တွင် ဘန်ကောက်မြို့ ၊ Bumrungrad International Hospital ဆေးရုံကြီး၌ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ပြီး ပျံလွန်တော်မူသည့်အချိန်တွင် သက်တော် ၇၁နှစ်ရှိကာ ဝါတော် ၅၁ ဝါရှိသည်ဟု သိရသည်။







